မြိတ်မြို့နယ်ရှိ ကျေးရွာပြည်သူ (၂၇၈) ဦးအား မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေဖြင့် ကျပ် (၁၅၆.၄) သန်း ထုတ်ချေးပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြိတ်မြို့နယ်ရှိ ကျေးရွာပြည်သူ (၂၇၈) ဦးအား မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေဖြင့် ကျပ် (၁၅၆.၄) သန်း ထုတ်ချေးပေး

MNP - ဧပြီ   ၂၈

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်ရှိ ကျေးရွာ (၅) ရွာမှ ကျေးရွာပြည်သူ (၂၇၈) ဦးအား တပိုင်တနိုင် စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၏ မြစိမ်းရောင်ကျေးရွာ စီမံကိန်းရန်ပုံငွေကျပ် (၁၅၆.၄) သန်းကို ကျေးရွာအရောက် ပြည်သူများအား ယမန်နေ့က ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

မြစိမ်းရောင်ကျေးရွာ စီမံကိန်းရန်ပုံငွေဖြင့် သဘွတ်ကျေးရွာတွင် ကျေးရွာပြည်သူ (၉၂) ဦးမှ (၅၄.၄၀) သန်းထုတ်ချေး၍ ပြည်သူများမှ စိုက်ပျိုးရေး၊ မွေးမြူရေး၊ အရောင်းအဝယ်နှင့် သက်မွေးဝမ်းကျောင်းလုပ်ငန်းများ လုပ်ကိုင်ကြကြောင်း၊ သမုတ်ထိန်+မော်စုန်းကျေးရွာတွင် ကျေးရွာပြည်သူ (၉၉) ဦးမှ (၅၃.၄၀) သန်း ထုတ်ချေး၍ ပြည်သူများမှ စိုက်ပျိုးရေး၊ မွေးမြူရေး၊  အရောင်းအဝယ်၊ သက်မွေးဝမ်းကျောင်းနှင့် ရေလုပ်ငန်းများ လုပ်ကိုင်ကြ ကြောင်း၊ ဆလင်+ဘချင်းတောင်ကျေးရွာတွင် ကျေးရွာပြည်သူ (၇၇) ဦးမှ (၄၈.၆၀) သန်း ထုတ်ချေး၍ ပြည်သူများမှ စိုက်ပျိုးရေး၊ မွေးမြူရေး၊  အရောင်းအဝယ်၊ သက်မွေးဝမ်းကျောင်းနှင့် ရေလုပ်ငန်းများ လုပ်ကိုင်ကြကြောင်း သိရသည်။

“ရန်ပုံငွေထုတ်ချေးတာက အတိုးနှုန်းအရမ်းနည်းတယ်။ ပြား (၅၀) နဲ့ ထုတ်ချေးပေးတဲ့အတွက် ကျေးရွာပြည်သူတွေက အတိုးနှုန်း သက်သက်သာသာနဲ့ ချေးငွေရတဲ့အတွက် အဆင်ပြေကြ ပါတယ်။ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ သူတို့လုပ်ချင်တဲ့ စီးပွားရေးလုပ်ငန်းတွေကို လုပ်ကိုင်နေကြပါတယ်။ မြိတ်မြို့နယ်အနေနဲ့ မြစိမ်းရောင်ကျေးရွာ စီမံကိန်းရန်ပုံငွေဖြင့် အကောင် အထည်ဖော် ဆောင်ရွက်နေတာ ကျေးရွာ (၂၃) ရွာရှိပါတယ်။ ဒီနှစ်မှာ ယခုလ၌ ကျေးရွာ (၉) ရွာ ထုတ်ချေးပေးပြီးဖြစ်ပါတယ်”ဟု  ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြိတ်မြို့နယ် ဦးစီးမှူး ဦးသန်းထွန်းဦးက ပြောသည်။

မြိတ်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြစိမ်းရောင်ကျေးရွာ စီမံကိန်း ရန်ပုံငွေဖြင့် ဧပြီလအတွင်း ကျေးရွာ (၉) ရွာအား ကျပ် (၄၃၇.၇၀) သန်း ပြန်လည်ထုတ်ချေးပေးပြီးဖြစ်ကာ ယမန်နေ့က ထုတ်ချေးပေးသည့် သဘွတ်ကျေးရွာ၊ သမုတ်ထိန်+မော်စုန်းကျေးရွာနှင့် သဘွတ်ကျေးရွာတို့တွင် ယခုလိုချေးငွေများ ထုတ်ချေးပေးခြင်းဖြင့် အဆိုပါကျေးရွာများမှ ပြည်သူများက တပိုင်တနိုင် စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ကြသဖြင့် ပြည်သူ (၁၂၆၇) ဦး၏ စားဝတ်နေရေးအတွက် အကျိုးပြု၍ အထောက်အကူဖြစ်စေခဲ့ကြောင်း သိရသည်။

သတင်း - ခိုင်ထူး 

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)