အုတ်ဖိုမြို့နယ်တွင် စိုက်ပျိုးမွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု တိုးတက်မြင့်မားရေး အသိပညာပေး ဆွေးနွေးပွဲများ ဆောက်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အုတ်ဖိုမြို့နယ်တွင် စိုက်ပျိုးမွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု တိုးတက်မြင့်မားရေး အသိပညာပေး ဆွေးနွေးပွဲများ ဆောက်ရွက်

                  

MNP - ဧပြီ   ၂၂


ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်အတွင်း  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုတိုးတက်မြင့်မားလာစေရေး အတွက် အသိပညာပေး ဆွေးနွေးပွဲများကို ကျင်းပလျက်ရှိရာ ယနေ့နံနက်ပိုင်းက လေးတဲကျေးရွာသို့ ကွင်းဆင်း၍ ဒေသခံ တောင်သူများထံ အရောက် အသိပညာပေး ဟောပြောဆွေးနွေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ဇော်မင်းမှ အဖွင့်အမှာစကားပြောကြားရာ ဒေသတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးများ ဖွံ့ဖြိုးတိုးတက်စေရေး၊  ကုန်ထုတ်စွမ်းအားများ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် လူတစ်ဦးချင်းစီ၏ ဝင်ငွေတိုးတက် မြင့်မားလာစေရန် မိမိတို့အနေနဲ့ ပံ့ပိုးဆောင်ရွက်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ လာရောက်တွေ့ဆုံဆွေးနွေးဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ မိဘပြည်သူများအနေဖြင့် မိမိဒေသဖွံ့ ဖြိုးတိုးတက်စေရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အခြား လိုအပ်သည်များအား  ရင်းရင်းနှီးနှီးပွင့်ပွင့်လင်းလင်း ဆွေးနွေးစေလိုကြောင်း ပြောကြားပြီး   မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ချိုချိုဝင်းက မြေဆီလွှာဖွံဖြိုးတိုးတက်ရေး၊ မျိုးကောင်းမျိုးသန့်သုံးစွဲရေး၊ အတန်းတူ လယ်ယာ စနစ်နေကြာသီးညှပ်စိုက်ပျိုးရေးအကြောင်း တို့အားလည်းကောင်းရှင်းလင်းပြောကြားသည်။ ဆက်လက်၍ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ အယ်လစ်စဘတ်ဝင်းရှိန်က  သဘာဝမြေဩဇာများရရှိရန် ကျွဲနွားများကို လွှတ်ကြောင်းစနစ်မှ ခြံလှောင်မွေးမြူဖို့ လိုအပ်ကြောင်းနှင့် တိရစ္ဆာန်အစာ လိုအပ်ချက်အတွက် တိရစ္ဆာန်အစာပင် (နေပီယာမြက်) စိုက်ပျိုးရန်လိုအပ်ကြောင်း အသိပညာပေးဟောပြောပြီး၊ မြို့နယ် စက်မှုလယ်ယာဦးစီးဌာန မြို့နယ်ဦးစီးမှူးမှ လယ်ယာ မြေအဆင့်မြှင့်တင်ရေး၊ လယ်ယာသုံးစက်ကရိယာများ ထုတ်ယူအသုံးပြုမှုများနှင့် ပတ်သက် ၍လည်းကောင်း အသီးသီးအသိပညာပေး ဟောပြောခဲ့ကြသည်။

ထို့နောက်ဒေသခံတောင်သူများက သိလိုသည်များကို ဆွေးနွေးတင်ပြခဲ့ရာ သက်ဆိုင်ရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်ဖြေကြားပေးခဲ့ကြောင်းနှင့် မြို့နယ်အတွင်း တစ်လလျှင် ကျေးရွာ(၁၀)ရွာအထိ အသိပညာပေး ဟောပြောသွားမည်ဖြစ်ပြီး ယခုလအတွက် ကျေးရွာ (၈)ရွာ အထိ ကွင်းဆင်းဆောင်ရွက်ပြီးဖြစ်ကြောင်းသိရသည်။

သတင်း - အောင်သူ

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)