ဇီးကုန်းမြို့နယ်တွင် နိုင်ငံသားကိုယ်ရေးမှတ်တမ်း အချက်အလက် နိုင်(၄)မှတ်တမ်းများ စာရင်းရေးသွင်းခြင်းလုပ်ငန်း ဆောင်ရွက်သူများအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဇီးကုန်းမြို့နယ်တွင် နိုင်ငံသားကိုယ်ရေးမှတ်တမ်း အချက်အလက် နိုင်(၄)မှတ်တမ်းများ စာရင်းရေးသွင်းခြင်းလုပ်ငန်း ဆောင်ရွက်သူများအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်



MNP - ဧပြီ   ၂၉

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်၌  နိုင်ငံသားကိုယ်ရေးမှတ်တမ်း အချက်အလက် နိုင် (၄) မှတ်တမ်းများအား Computer ဖြင့်  Software Programme ဖြင့် ထိန်းသိမ်းနိုင်ရေး စာရင်းရေးသွင်းခြင်းလုပ်ငန်း ဆောင်ရွက်လုပ်ကိုင်နေသူများအား ဂုဏ်ပြု မှတ်တမ်းလွှာ ပေးအပ်ခြင်းအခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ယနေ့ နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်အောင်က အဖွင့်အမှာစကား ပြောကြား ခဲ့သည်။ ထို့နောက် နိုင်ငံသားကိုယ်ရေးမှတ်တမ်း အချက်အလက် နိုင်(၄)မှတ်တမ်း များအား Computer ဖြင့်  Software Programme ဖြင့် ထိန်းသိမ်းနိုင်ရေး စာရင်းရေးသွင်းခြင်း လုပ်ငန်းဆောင်ရွက်လုပ်ကိုင်သည့် ဌာနဆိုင်ရာဝန်ထမ်း (၄၀) ဦးအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာများကို ပေးအပ်ပေးခဲ့သည်။

အဆိုပါ နိုင်ငံသားကိုယ်ရေးမှတ်တမ်း အချက်အလက် နိုင်(၄) မှတ်တမ်းများအား Computer ဖြင့်  Software Programme ဖြင့် ထိန်းသိမ်းနိုင်ရေး စာရင်းရေးသွင်းခြင်းလုပ်ငန်းကို မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှူးရုံး၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ စုစုပေါင်း အင်အား (၄၀) ဦးမှ ကွန်ပျူတာ (၂၀) လုံးဖြင့် ဧပြီလ (၄) ရက်နေ့မှ စတင်ဆောင်ရွက်ခဲ့ရာ စာရင်း ရေးသွင်းရန် (၈၂၀၂၅) နံပါတ်ကို စာရင်းရေးသွင်းပြီးစီး ပြီဖြစ်ကြောင်းနှင့် စာရင်းရေးသွင်း ဆောင်ရွက်နေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်အောင်နှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးအရာရှိ ဦးအောင်ကျော်မိုးတို့က အနီးကပ်ကြီးကြပ်၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

သတင်း - တင့်ဆွေ

မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)