သိန္နီမြို့နယ်တွင် အသက်(၁၈)နှစ်ပြည့်ပြီးသူတိုင်းကိုဗစ်−၁၉ ရောဂါကာကွယ်ဆေး ရာနှုန်းပြည့် ထိုးနှံပြီးစီးရေး ကျေးရွာများအရောက် သွားရောက်ထိုးနှံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သိန္နီမြို့နယ်တွင် အသက်(၁၈)နှစ်ပြည့်ပြီးသူတိုင်းကိုဗစ်−၁၉ ရောဂါကာကွယ်ဆေး ရာနှုန်းပြည့် ထိုးနှံပြီးစီးရေး ကျေးရွာများအရောက် သွားရောက်ထိုးနှံ




MNP - ဧပြီ   ၂၂

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင်၊ သိန္နီမြို့နယ်အတွင်း အသက်(၁၈)နှစ်ပြည့်ပြီးသူတိုင်း ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံရန်အတွက် ယမန်နေ့ မွန်းလွဲပိုင်းအချိန်က ကောင်းဝိန်းကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများသို့ သွားရောက်ထိုးနှံပေးခဲ့ကြောင်းသိရသည်။

ထို့သို့ ကာကွယ်ဆေးထိုးနှံရာတွင် သိန္နီမြို့နယ် ကောင်းဝိန်းကျေးရွာအုပ်စုအတွင်းရှိ ကောင်းဝိန်းရွာ၊ ဆိုင်ကျောက်ရွာ၊ လွယ်ခမ်းရွာ၊ လွယ်ယန်းရွာ၊ နောင်ခမ်းရွာ၊ နားကွမ်းရွာ၊ ဝချိရွာနှင့် ဆိုင်သပ် ကျေးရွာများရှိ ဒေသခံပြည်သူများအား ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေး (Covidshield) ထိုးနှံပေးခြင်းဖြစ်သည်။ သိန္နီမြို့ နယ်တွင် အသက်(၁၈)နှစ်ပြည့်ပြီး ကာကွယ်ဆေးထိုးနှံရန်လူဦးရေ (၄၂၇၄၆)ရှိရာ ယနေ့အချိန်ထိ ဆေးထိုးနှံ ပြီးသူ (၂၉၉၂၆)ဦးဆေးထိုးနှံပြီးဖြစ်သည်။ ဆေးထိုးနှံရန် ကျန်ရှိသူများအား ဆေးထိုးနှံနိုင်ရေး စုရပ်များတွင် လည်ကောင်း၊ Mobile စနစ်ဖြင့်လည်းကောင်း တစ်မြို့နယ်လုံး ထိုးနှံပြီးစီးရေးဆောင်ရွက်လျက်ရှိကြောင်း မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။

သတင်း - စောဥမ္မာ

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)