မော်လမြိုင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာနတွင် ငွေစာရင်းထိန်းသိမ်းနည်းနှင့် စီမံခန့်ခွဲမှုသင်တန်းဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မော်လမြိုင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာနတွင် ငွေစာရင်းထိန်းသိမ်းနည်းနှင့် စီမံခန့်ခွဲမှုသင်တန်းဖွင့်လှစ်



MNP -  ဧပြီ   ၂၇

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မွန်ပြည်နယ်အတွင်းရှိ ဝန်ထမ်းများ စွမ်းဆောင်ရည် မြင့်မားရေးနှင့် ငွေစာရင်းပညာရပ်ကိုတတ်မြောက်ပြီး ငွေစာရင်း လချုပ်များ စနစ်တကျ ရေးဆွဲအသုံးပြုတတ်စေရန်ရည်ရွယ်၍  “ငွေစာရင်းထိန်းသိမ်းနည်းနှင့် စီမံခန့်ခွဲမှု သင်တန်း” ကို ယနေ့နံနက် ၉ နာရီအချိန်က မော်လမြိုင်ခရိုင်  လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဖွင့်လှစ် သင်ကြားပို့ချပေး လျက်ရှိသည်။

ရှေးဦးစွာ မွန်ပြည်နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဒေါ်စမ်းစမ်းနွယ်က မြို့နယ်ရုံးများတွင် ငွေထုတ်သူ အရာရှိများအဖြစ် တာဝန်ထမ်းဆောင်ရမည့် ဦးစီးအရာရှိများနှင့် ငွေစာရင်းလုပ်ငန်းများကို လက်တွေ့လုပ်ဆောင် နေသည့် ဝန်ထမ်းများ ငွေစာရင်းပညာရပ်ကို တတ်မြောက်ပြီး ငွေစာရင်းလုပ်ငန်း လချုပ်များကို စနစ်တကျ ရေးဆွဲတတ်စေရန်ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ခြင်းဖြစ်ကြောင်း ရှင်းလင်း ပြောကြားသည်။

ထို့နောက် ငွေစာရင်းထိန်သိမ်းနည်းနှင့် စီမံခန့်ခွဲမှုသင်တန်းတွင် နည်းပြများအဖြစ် မွန်ပြည်နယ် စာရင်းစစ်ရုံးမှ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်စန်းနှင့် ဒေါ်ချိုချိုမာတို့က ငွေစာရင်းလချုပ်ရေးဆွဲနည်း၊  ဘဏ်နှင့် ချိတ်ဆက်ဆောင်ရွက်မည့် နည်းလမ်းများ၊ ငွေစာရင်းပြေစာများ ဆောင်ရွက်ရာတွင် လိုက်နာရမည့် အချက်များ၊ ငွေစာရင်းဌစ(၁၆)မျိုး စာရင်းပြုစုနည်း၊ စာရင်းစစ်ကန့်ကွက်မှု မဖြစ်ပေါ်စေရေး သတိထားရမည့် အချက်များကို ဧပြီ(၂၇)ရက်မှ (၂၈)ရက်နေ့အထိ နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၁၄ နာရီအထိ စာတွေ့၊ လက်တွေ့သင်ကြားပို့ချ ပေးသွားမည်ဖြစ်ပြီး သင်တန်းသို့ မော်လမြိုင်ခရိုင်နှင့် သထုံခရိုင်အတွင်းရှိ မြို့နယ်ရုံးများမှ ဝန်ထမ်း (၂၅) ဦး တက်ရောက်လျက်ရှိကြောင်း သိရသည်။

သတင်း - ခင်စန်းမြင့်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)