ဇမ္ဗူသီရိမြို့နယ်အတွင်းမှ သက်ကြီးအဘိုးအဘွားများအား အိမ်တိုင်ရာရောက် လိုက်လံကန်တော့ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဇမ္ဗူသီရိမြို့နယ်အတွင်းမှ သက်ကြီးအဘိုးအဘွားများအား အိမ်တိုင်ရာရောက် လိုက်လံကန်တော့



MNP - ဧပြီ   ၃၀

မြန်မာသက္ကရာဇ် ၁၃၈၄ ခု၊ နှစ်ဆန်း ၁ ရက်နေ့တွင် ဇမ္ဗူသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင်ကျင်းပပြုလုပ်သည့် အသက် ၉၀ နှစ်အထက် သက်ကြီးရွယ်အိုအဘိုးအဘွားများအား ပူဇော်ကန်တော့ပွဲတွင် အကြောင်းအမျိုးမျိုးကြောင့် မတက် ရောက်နိုင်သည့် အဘိုးအဘွားများအား ယနေ့ နံနက်ပိုင်းတွင် အိမ်တိုင်ရာရောက် လိုက်လံကန်တော့ခဲ့ကြောင်း သိရသည်။

ထိုသို့အိမ်တိုင်ရာရောက် လိုက်လံကန်တော့ရာတွင် ဇမ္ဗူသီရိမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမျိုးထွန်း၊ အဖွဲ့ဝင်များဖြစ်ကြသော ဗိုလ်မှူးပြည့်ဖြိုးအောင်၊ ဦးကျော်အောင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက အောင်ဇမ္ဗူရပ်ကွက်၊ အလျင်လိုကျေးရွာအုပ်စုနှင့် တဲကြီးကုန်း ကျေးရွာအုပ်စုအတွင်းရှိ သက်ကြီးအဘိုးအဘွားများအား လှူဒါန်းငွေများဖြင့် အိမ်တိုင်ရာရောက် လိုက်လံကန်တော့ခဲ့ကြောင်း သိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)