ပူတင်က ချစ်ကြည်ရင်းနှီးမှုမရှိသည့်နိုင်ငံများမှ နိုင်ငံသားများအတွက် လက်တုံ့ပြန်သော ဗီဇာအစီအမံများဆိုင်ရာ အမိန့်အား လက်မှတ်ရေးထိုး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပူတင်က ချစ်ကြည်ရင်းနှီးမှုမရှိသည့်နိုင်ငံများမှ နိုင်ငံသားများအတွက် လက်တုံ့ပြန်သော ဗီဇာအစီအမံများဆိုင်ရာ အမိန့်အား လက်မှတ်ရေးထိုး


မော်စကို ၊ ဧပြီ ၅ 

ရုရှားနိုင်ငံသမ္မတ ဗလာတီမာပူတင်က ချစ်ကြည်ရင်းနှီးမှုမရှိသည့်နိုင်ငံများမှ နိုင်ငံသားများအတွက် ဗီဇာကန့်သတ်မှုများ လုပ်ဆောင်ရန်စတင်သည့် အမိန့်တစ်ရပ်အား လက်မှတ်ရေးထိုးခဲ့ပြီး ယင်းမှာ ဥရောပသမဂ္ဂက လုပ်ဆောင်ခဲ့သည့် ရန်လိုသောအစီအမံများအား လက်တုံ့ပြန်သည့် ဆုံးဖြတ်ချက်တစ်ခု ဖြစ်ကြောင်း ကရင်မလင်နန်းတော်က ဧပြီ ၄ ရက်တွင် ပြောကြားခဲ့သည်။အဆိုပါအမိန့်အရ ရုရှားနိုင်ငံသည် နော်ဝေ၊ အိုက်စလန် ၊ ဆွစ်ဇာလန် ၊ လက်ချင်စတိန်း နှင့်အတူ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများနှင့် ၎င်းတို့၏ ရှင်းလင်းလွယ်ကူသောဗီဇာလုပ်ငန်းစဥ် သဘောတူညီချက်များတစ်စိတ်တစ်ပိုင်းကို ဆိုင်းငံ့သွားမည် ဖြစ်ကြောင်း သိရသည်။

ယင်းအမိန့်တွင် ရုရှားနိုင်ငံ ၊ ရုရှားနိုင်ငံသားများ သို့မဟုတ် တရားဝင်အဖွဲ့အစည်းများအား ဆန့်ကျင်သည့် ရန်လိုသောလုပ်ရပ်များအား ကျူးလွန်သည့် နိုင်ငံခြားသားများနှင့် နိုင်ငံမဲ့ပုဂ္ဂိုလ်များအပေါ် တစ်ဦးချင်း ဝင်ရောက်ခွင့်ကန့်သတ်ချက်များ ချမှတ်ရန် ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနကို အမိန့်ပေးခဲ့ကြောင်းလည်း ကရင်မလင်နန်းတော်က ပြောကြားခဲ့သည်။


Ref : (ဆင်ဟွာ)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)