ရမည်းသင်းမြို့နယ်၌ အခြေခံရှေးဦးပြုစုနည်း သင်တန်းဆင်းပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရမည်းသင်းမြို့နယ်၌ အခြေခံရှေးဦးပြုစုနည်း သင်တန်းဆင်းပွဲကျင်းပ



MNP - ဧပြီ   ၂၃

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ရမည်းသင်းမြို့နယ် ကြက်ခြေနီ အသင်းခွဲ/တပ်ဖွဲ့တို့ ပူးပေါင်းဖွင့်လှစ်သော ရှေးဦးပြုစုခြင်း အခြေခံသင်တန်းအမှတ်စဉ် (၁/၂၀၂၂)ဆင်းပွဲကို ယနေ့နံနက် ၁၀နာရီတွင် ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ပြုလုပ်ကျင်းပသည်။

ရှေးဦးစွာ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်သိမ့်သိမ့်မျိုးက ကျောင်သား၊ ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက် အတွင်းအချိန်ကို အကျိုးရှိစွာ အသုံးချနိုင်စေရေး မြို့နယ်ကြက်ခြေနီတပ်ဖွဲ့နှင့် ပူးပေါင်း၍ အခြေခံရှေးဦးပြုစုနည်း သင်းတန်းကို ဖွင့်လှစ်သင်ကြား ပေးရခြင်းဖြစ်ကြောင်း၊ ဆက်လက်ဖွင့်လှစ်သင်ကြားမည့် Myanmar Fitness Dance အကသင်တန်း (ကလေး/လူကြီး)နှင့် ပန်းချီသင်တန်းများ  ဖွင်လှစ် သင်ကြားသွားရန်တို့နှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။

မြို့နယ်ကြက်ခြေနီတပ်ဖွဲ့၊ တပ်ဖွဲ့မှူး ဦးမျိုးလွင်က အခြေခံရှေးဦးပြုစုခြင်း ရည်ရွယ်ချက်များနှင့် အများအကျိုး ဆောင်ရွက်ပေးရခြင်းနှင့် ဆန်းစစ်ချက်ပြုလုပ်ပေးရခြင်းတို့ကို ရှင်းလင်း ပြောကြားသည်။

ဆက်လက်၍ အခြေခံရှေးဦးပြုစုနည်းသင်တန်း ဆုရရှိသူများကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ခရိုင်ဦးစီးမှူး၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူး အားကစားနှင့်ကာယပညာ ဦးစီးဌာန ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ကာ သင်တန်းနည်းပြ ဆရာ၊ ဆရာမတို့ကို Book Club အသင်းအတွင်းရေးမှူးနှင့် အလှူရှင်များက ဂုဏ်ပြုလက်ဆောင် ပစ္စည်းများ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

သတင်း - ဇော်ဝင်းအောင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)