သီပေါမြို့နယ် ရေဟော်ကျောင်းတိုက်ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်ယဉ်ကျေးလိမ္မာ သင်တန်းစာမေးပွဲ ပထမနေ့စတင်ဖြေဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သီပေါမြို့နယ် ရေဟော်ကျောင်းတိုက်ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်ယဉ်ကျေးလိမ္မာ သင်တန်းစာမေးပွဲ ပထမနေ့စတင်ဖြေဆို

 


MNP - ဧပြီ   ၂၅

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပန်းတိမ်တောင်ရပ်ကွက်ရှိ ရေဟော်ကျောင်းတိုက်ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် ပထမအကြိမ်ယဉ်ကျေးလိမ္မာ သင်တန်းရေးဖြေစာမေးပွဲ စစ်ဆေးဆောင်ရွက်ခြင်းကို ယနေ့မွန်းလွှဲ(၁)နာရီက ပထမနေ့အဖြစ် စတင်စစ်ဆေးဖြေဆိုဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ယဉ်ကျေးလိမ္မာသင်တန်းတွင် ကျောင်းထိုင်ဆရာတော်နှင့် သီလရှင်ဆရာကြီးတို့က သင်ကြားပြသပေးကာ ကျောင်းသား၊ကျောင်းသူကလေးငယ်များ ဗုဒ္ဓတရားတော်ဆုံးမစာများ၊ ဘုရားစာ၊ ဘုရားရှိခိုးနည်းများကို နားလည်သိရှိသဘောပေါက်စေရန်နှင့် လိမ္မာယဉ်ကျေးလာစေရန်ရည်ရွယ်၍ ဧပြီလ(၁၈)ရက်နေ့မှ (၂၄)ရက်နေ့အထိ(၇)ကြာ သင်ကြားပြသဖွင့်လှစ်ဆောင်ရွက်ပေးတာဖြစ်ကြောင်း၊ သင်တန်းသို့မြို့နယ်အတွင်းရှိ ရှင်သာမဏေများ၊ကျောင်းသား၊ ကျောင်းသူစုစုပေါင်း (၂၀၀)ဦးခန့် တက်ရောက်လျက်ရှိကြောင်းနှင့် ယခုနှစ်မှစတင်၍ ပထမအကြိမ်ဖွင့်လှစ် ဆောင်ရွက်ပေးတာဖြစ်ကြောင်း ၊ စာမေးပွဲကို ယနေ့မွန်းလွှဲ(၁)နာရီမှ စတင်၍ စစ်ဆေးဖြေဆိုဆောင်ရွက်လျက်ရှိပြီးရေးဖြေ၊ နုတ်ဖြေ(၃)ရက် စစ်ဆေးဖြေဆိုဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရေဟော်ကျောင်းတိုက် ကျောင်းထိုင်ဆရာတော် ထံမှသိရသည်။

သတင်း - ခင်လေး

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)