MNP - ဧပြီ ၂၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ယမန်နေ့ နံနက် ၁၀ နာရီက အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအား ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကို ကျင်းပပေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြိုင်ပွဲသို့လာရောက်ယှဉ်ပြိုင်ကြသော အလယ်တန်းအဆင့်ကျောင်းသား၊ ကျောင်းသူများအား ဆီဆိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိက ပြိုင်ပွဲပြုလုပ်ရခြင်း၏ရည်ရွယ်ချက်များနှင့် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတနှင့် ဉာဏ်ရည်ဉာဏ်သွေးများထက်မြက်လာစေရန် ရည်ရွယ်၍ ကျင်းပပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြား သည်။
ဆက်လက်၍ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကို ယှဉ်ပြိုင်စေခဲ့ပြီး ဆုရရှိသည့်ကျောင်းသား၊ ကျောင်းသူများအား ဦးစီးအရာရှိနှင့် တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
သတင်း - မျိုးမြတ်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment