ပူတာအိုမြို့ ကောင်ကထောင်ရပ်ကွက်ရှိ မတ်ပန်ကွင်း၌ သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) ကြဲပက် စိုက်ပျိုးတောင်သူကွင်းသရုပ်ပြပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပူတာအိုမြို့ ကောင်ကထောင်ရပ်ကွက်ရှိ မတ်ပန်ကွင်း၌ သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) ကြဲပက် စိုက်ပျိုးတောင်သူကွင်းသရုပ်ပြပွဲကျင်းပ

 


MNP - ဧပြီ   ၂၈

ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်တွင် လယ်မြေများ မြေဆီလွှာပြုပြင်ထိန်းသိမ်းစေရန်နှင့် မြေဆီဩဇာ ထက်သန်စေရန်အတွက် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) ကြဲပက်စိုက်ပျိုးခြင်းကို ယနေ့ နံနက် (၉)နာရီခွဲတွင် ပူတာအိုမြို့ ကောင်ကထောင်ရပ်ကွက် မတ်ပန်ကွင်းရှိ စိုက်ပျိုးရေးဦးစီးဌာန ပိုင်လယ်မြေ ငါးဧကတွင် တောင်သူကွင်းသရုပ်ပြပွဲကျင်းပပြုလုပ်သည်။

မိုးစပါးမစိုက်ပျိုးမီ တစ်လခွဲခန့် ကြိုတင်၍ သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) စိုက်ပျိုးခြင်းဖြင့် မိုးစပါး စိုက်ခါနီးတွင် ထယ်ထိုးမြေမြှုပ်ခြင်းဖြင့် မြေဆီဩဇာထက်သန်စေပြီး မြေဆီလွှာထိန်းသိမ်းမှု ကောင်းမွန်သဖြင့် စပါးပင်ဖြစ်ထွန်းမှုကောင်းမွန်ပြီး တစ်ဧကအထွက်နှုန်း တိုးတက်လာစေနိုင်ခြင်း ကြောင့် တောင်သူများသစ်စိမ်း မြေဩဇာ (ပိုက်ဆံလျှော်) စိုက်ပျိုးလာတတ်စေရန် ရည်ရွယ်၍ ကွင်းသရုပ်ပြပွဲ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ကွင်းသရုပ်ပြပွဲသို့ ခေတ္တခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီး အောင်ကိုလတ်နှင့် အဖွဲ့ဝင်များ၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး ဦးမင်းစိုး၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ကျော်လွင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမြင့်ထွေးနှင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ခိုင်နှင့် စိုက်ပျိုးရေးဝန်ထမ်းများ၊ တောင်သူများ တက်ရောက်ပြီး သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်)ကြဲပက်စိုက်ပျိုးခြင်းများ ကွင်းသရုပ်ပြ စိုက်ပျိုးခဲ့ကြသည်။

ပူတာအိုခရိုင် ဒေသဝမ်းစာဖူလုံရေးအတွက် မိုးစပါးမျိုးပြောင်းလဲစိုက်ပျိုးခြင်းနှင့် စိုက်စနစ်ပြောင်းလဲ ခြင်း၊ ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာ အချိုးကျသုံးစွဲခြင်းဖြင့် စပါးတစ်ဧကအထွက်နှုန်း တိုးတက် လာစေနိုင်ကြောင်းနှင့် မိုးစပါးစိုက်လယ်များတွင် စပါးတစ်သီးအပြင် စပါးအပြီး လယ်သီးထပ်အဖြစ် စိုက်ပျိုးနိုင်ကြောင်းကိုလည်း ဌာနပိုင်လယ်ငါးဧကတွင် ရေဆင်း(၁၅) ပဲပုတ်မျိုး စိုက်ပျိုးထားရှိမှု များကိုလည်း ရှင်းလင်းပြသခဲ့ကြောင်း သိရသည်။

သတင်း - ဖုန်ကန်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)