ကျောက်ဆည်မြို့နယ်တွင် (၁၅) ကြိမ်မြောက် ထေရ်ကြီး/ဝါကြီး သက်တော်ရှည်ဆရာတော်ကြီး (၂၇) ပါးအား ပူဇော်ပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဆည်မြို့နယ်တွင် (၁၅) ကြိမ်မြောက် ထေရ်ကြီး/ဝါကြီး သက်တော်ရှည်ဆရာတော်ကြီး (၂၇) ပါးအား ပူဇော်ပွဲအခမ်းအနားကျင်းပ




MNP - ဧပြီ   ၂၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် သံဃနာယက သုဓမ္မာ/ရွှေကျင်  ဦးဆောင်မှုဖြင့်မြို့နယ် အတွင်း သီတင်းသုံးနေထိုင်တော်မှုကြသော သိက္ခတော် (၅၅) ဝါအထက်ရှိ ဂိုဏ်းပေါင်းစုံ သက်တော် ရှည် ဆရာတော်ကြီးများအား (၁၅) ကြိမ်မြောက် ထေရ်ကြီး/ဝါကြီး ဆရာတော်ကြီး (၂၇) ပါး ပူဇော်ပွဲ အခမ်းအနားကို ယနေ့နံနက် (၈) နာရီက နေလသုခဗိမ္မာန်တော်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ နမောတသ (၃) ကြိမ် ရွတ်ဆိုဘုရားကန်တော့၍ သက်တော်ရှည်ဆရာတော်ကြီး (၂၇) ပါးတို့ ၏ သက်တော်/ဝါတော်တို့ကို မြို့နယ်သံဃနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဘဒ္ဒန္တနန္ဒိယက ဖတ်ကြား လျှောက်ထားပြီး  သက်တော်ရှည်ဆရာတော်ကြီး (၂၇) ပါးတို့အား ရှိခိုးကန်တော့၍ နိုင်ငံတော် ဩဝါဒါစရိယဘဒ္ဒန္တပေါမောက္ခ ဧရာဝတီကျောင်းဆရာတော်ကြီးက ဩဝါဒကထာချီးမြှင့်ခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီး ကုန်းမြင့်သာကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တစက္ကိန္ဒာဘိဓဇမှ သက်တော်ရှည် ဆရာတော်ကြီးများအား ပူဇော်ပွဲအခမ်းအနားကျင်းပခြင်းနှင့် ပတ်သက်၍ ကျေးဇူးတင်စကား လျှောက်ထားပြီး မြို့နယ်သံဃနာယကအဖွဲ့ ရွှေကျင်အကျိုးတော်ဆောင် ဆရာတော်ဘဒ္ဒန္တပဏ္ဍိတက အလှူငွေများ စာရင်းကို ရှင်းလင်းလျှောက်ထားခဲ့ကြောင်းနှင့် ဆရာတော်အရှင်သူမြတ်တို့က မေတ္တာသုတ် ပရိတ်တရားတော် ရွတ်ဆိုချီးမြှောက်ကာ ဆရာတော်အရှင်သူမြတ်တို့ကို လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်းခဲ့ကြောင်း သိရသည်။

ထို့နောက် နိုင်ငံတော်ဩဝါဒါစရိယ၊ ဘဒ္ဒန္တပေါမောက္ခ ဧရာဝတီကျောင်းဆရာတော်ကြီးက လှူဒါန်းမှု အစုစုတို့အတွက် အနုမောဒနာနှင့် ရေစက်သွန်းချတရားချီးမြှင့်ကာ ထေရ်ကြီး/ဝါကြီး ဆရာတော်ကြီး များကို ကျောက်ဆည်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မျိုးသိန်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်သာသနာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ကျော်ဦး၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးချန်ထွန်းနှင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖအလှူရှင်များက လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လောင်းလှူခဲ့ကြကြောင်း သိရသည်။

သတင်း - တင်တင်ထွေး

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)