MNP - ဧပြီ ၅
ရန်ကုန်တိုင်းသေကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေး ခန်းမ၌ ယမန်နေ့နံနက် ၁၀:၃၀ နာရီအချိန်က မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက နိုင်ငံသား၏ကိုယ်ရေးမှတ်တမ်း ပုံစံ(၄)ကွန်ပျူတာ စာရင်းရေးသွင်းခြင်းလုပ်ငန်း သင်တန်းဖွင့်လှစ်ခဲ့သည်။
သင်တန်း၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ဇော်ဇော်အောင်က အဖွင့်အမှာစကားပြောကြားရာတွင် ကွန်ပျူတာ သင်တန်းသို့ တက်ရောက်လာကြသည့် ဌာနဆိုင်ရာများအနေဖြင့် လုပ်ငန်းအချိန်မီပြီးမြောက်စေရေး ဝိုင်းဝန်းကူညီဆောင်ရွက်ပေးပါရန်နှင့် အခက်အခဲရှိက အချိန်မရွေးတင်ပြကြရန် ဆွေးနွေးပြောကြာပြီး မြို့နယ်လဝက ဦးစီးမှုက လုပ်ငန်းဆောင်ရွက်မှုနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေး ပြောကြားခဲ့သည်။
အဆိုပါသင်တန်းသို့ ဌာနဆိုင်ရာများမှ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း(၁၅)ဦးတက်ရောက်ခဲ့ကြပြီး စာတွေ့၊ လက်တွေ့ စာရင်းရေးသွင်းနည်းများ သင်ကြားခဲ့ကြကြောင်း သိရ သည်။
သတင်း - အေးအေးအောင်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment