မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ၂၀၂၁ -၂၀၂၂ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများအလိုက် အောင်စာရင်းများထုတ်ပြန် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ၂၀၂၁ -၂၀၂၂ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများအလိုက် အောင်စာရင်းများထုတ်ပြန်



MNP - ဧပြီ   ၂၅

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် အောင်စာရင်းများကို ယမန်နေ့နံနက် ၈ နာရီအချိန်မှစတင်ကာ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအလိုက် မြို့နယ်ပညာရေးမှူးရုံး၏ ကြီးကြပ်မှုဖြင့် ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။

မင်္ဂလာတောင်ညွန့်မြို့နယ်တွင် အထက်တန်းကျောင်း (၆) ကျောင်း၊ အလယ်တန်းကျောင်း (၂) ကျောင်း၊ မူလတန်းလွန်ကျောင်း (၅)ကျောင်း၊ မူလတန်းကျောင်း(၁၇)ကျောင်း၊ ဘုန်းတော်ကြီး သင်ကျောင်း(၁)ကျောင်း စုစုပေါင်း(၃၁)ကျောင်းရှိရာ ၂၀၂၁ - ၂၀၂၂ ပညာသင်နှစ်တွင် စာမေးပွဲ ဝင်ရောက်ဖြေဆိုသူ KG၊ Grade-1၊ Grade-2၊ Grade-3၊ Grade-4၊ Grade-5၊ Grade-6၊ Grade-7၊ Grade-8(သင်ရိုးဟောင်း) ၊ Grade-9(သင်ရိုးဟောင်း)၊  Grade (10) အထိ ကျောင်းသား၊ ကျောင်းသူ (၁၅၉၈)ဦးရှိခဲ့ပြီး အောင်မြင်သူ (၁၅၉၈) ဦးရှိခဲ့သည့်အတွက် ၁၀၀ ရာခိုင်နှုန်း အောင်မြင်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူများထံမှ သိရသည်။

ထိုသို့အောင်စာရင်းများ ထုတ်ပြန်ကြေညာရာ ကျောင်းများအလိုက် ဝင်ရောက်ဖြေဆိုခဲ့သည့် ကျောင်းသား၊ ကျောင်းသူများနှင့် မိဘပြည်သူများက ယမန်နေ့နံနက်ပိုင်းအချိန်မှ စတင်ကာ လာရောက်ကြည့်ရှုလျက်ရှိပြီး အဆင်ပြေချောမွေ့စွာ ကြည့်ရှုနိုင်ရေးအတွက် ဆရာ၊ ဆရာမ များနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်း ရရှိသည်။

သတင်း - ကျော်သူဟိန်း

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)