လူမဆန်စွာ ရှင်ရဟန်းတို့အား အကြမ်းဖက်လုပ်ကြံမှုများသည် ဘာသာ သာသနာအား ဖျက်ဆီးခြင်းဖြစ်ကြောင်း ဗုဒ္ဓဘာသာကလျာဏယုဝအသင်းကြီးမှ ထုတ်ပြန် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လူမဆန်စွာ ရှင်ရဟန်းတို့အား အကြမ်းဖက်လုပ်ကြံမှုများသည် ဘာသာ သာသနာအား ဖျက်ဆီးခြင်းဖြစ်ကြောင်း ဗုဒ္ဓဘာသာကလျာဏယုဝအသင်းကြီးမှ ထုတ်ပြန်


MNP ၊ ဧပြီ ၂၂

ယမန်နေ့က NLD အစွန်းရောက် အကြမ်းဖက်သမားတို့၏ လက်ချက်ဖြင့် သက်တော် ၈၄နှစ်၊ ဝါတော် ၆၄ ဝါ ရ ဆရာတော်ကြီး တစ်ပါး ပျံလွန်တော်မူခဲ့ရပြီး ရှင်သာမဏေ (၃)ပါး NLD အစွန်းရောက် အကြမ်းဖက်သမားတို့ ထောင်ထားသော ဗုံးပေါက်ကွဲရာမှ ဗုံးစထိမှန် (၂)ပါး သေဆုံး၊ တစ်ပါး ဒဏ်ရာ ရခဲ့သည့်ဖြစ်စဉ်နှင့် ပတ်သက်၍ ဗုဒ္ဓဘာသာကလျာဏယုဝအသင်းကြီး (YMBA) က လူမဆန်စွာ ရှင်ရဟန်းတို့အား အကြမ်းဖက်လုပ်ကြံမှုများသည် ဘာသာ သာသနာအား ဖျက်ဆီးခြင်း ဖြစ်ကြောင်း ထုတ်ပြန်ကြေညာလိုက်သည်။

YMBA အသင်းကြီး၏ ကြေညာချက်တွင် ၂၁-၄-၂၀၂၂ ကြာသပတေးနေ့တွင် သက်တော်ရ ရဟန်းတစ်ပါး အကြမ်းဖက်တို့၏ လုပ်ကြံသတ်ဖြတ်ခြင်းကိုခံရပြီး၊ သာသနာ၏ အညွန့်အဖူး ရှင်သာမဏေငယ်သုံးပါးသည်လည်း ဆွမ်းခံကြွရင်း မိုင်းထိကာ နှစ်ပါးပျံလွန်တော်မူပြီး တစ်ပါးမှာ ပြင်းထန်ဒဏ်ရာရရှိခဲ့သည်ဟု သိရှိရကြောင်း၊ မိမိတို့ ဗုဒ္ဓဘာသာကလျာဏယုဝအသင်းကြီးသည် ဗုဒ္ဓဘာသာကို အလေးအမြတ်ပြုသောအသင်းကြီး ဖြစ်သည်နှင့်အညီ ဗုဒ္ဓမြတ်စွာ၏ သာသနာတော်ကို စောင့်ရှောက်နေကြသည့် ရဟန်းသာမဏေများအားလည်း စောင့်ရှောက်ရမည့်တာဝန်ရှိသလို ရဟန်း ရှင်လူ ပြည်သူအပေါင်းမှလည်း ပူးပေါင်း၍ စည်းလုံးကာ စောင့်ရှောက်ရန် တာဝန်ရှိကြောင်း၊ ယခုလို လူမဆန်စွာ ရှင်ရဟန်းတို့အား အကြမ်းဖက်လုပ်ကြံမှုများသည် ဘာသာ သာသနာအား ဖျက်ဆီးခြင်းပင်ဖြစ်ကြောင်း ထုတ်ပြန်ထားခြင်း ဖြစ်သည်။

ထို့ကြောင့် အကြမ်းဖက်လုပ်ရပ်များအား ရပ်တန့်ကြရန် သတိပေးရင်း မိမိတို့ ဗုဒ္ဓဘာသာကလျာဏယုဝအသင်းကြီးမှ ပြင်းထန်စွာ ရှုတ်ချကြောင်း ဗုဒ္ဓဘာသာကလျာဏယုဝအသင်းကြီး(ဗဟို) က ထုတ်ပြန်ကြေညာထားခြင်း ဖြစ်သည်။

အာဏာလက်မဲ့ ဖြစ်ခဲ့ရသည့် အချိန်မှ စ၍ NLD အစွန်းရောက် ကိုယ်ကျိုးရှာ နိုင်ငံရေးသမားများက CRPH, NUG, PDF အကြမ်းဖက်အဖွဲ့အစည်းများကို ဖွဲ့စည်းပြီး အပြစ်မဲ့ ရဟန်းရှင်လူပြည်သူများအား လုပ်ကြံသတ်ဖြတ်မှုများ ကျူးလွန်လျက်ရှိရာ သံဃာတော် ၃၄ ပါးနှင့် ကိုရင် ၂ ပါး ပျံလွန်တော်မူခဲ့ရပြီးဖြစ်သည်။ အစွန်းရောက် အကြမ်းဖက်သမားများသည် YMBA ရုံးချုပ်ကိုလည်း ၄ကြိမ်ထက်မနည်း ဖောက်ခွဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)