မိတ္ထီလာမြို့နယ်အတွင်းရှိ ကျေးရွာ သုံးရွာတွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိတ္ထီလာမြို့နယ်အတွင်းရှိ ကျေးရွာ သုံးရွာတွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး



MNP - ဧပြီ   ၂၆

မိတ္ထီလာမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ခု ခြောက်လ ဘဏ္ဍာရေးနှစ်တွင် ငွေလုံးငွေရင်း(မူလ)ရန်ပုံငွေ ကျပ်သန်းခြောက်ဆယ်ကျော်ဖြင့် မြို့နယ်အတွင်းရှိ ကျေးရွာ သုံးရွာတွင် စက်ရေတွင်း တူးဖော်ခြင်း လုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ သိရသည်။

မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၁-၂၀၂၂ ခု ခြောက်လဘဏ္ဍာရေးနှစ်တွင် ငွေလုံးငွေရင်း(မူလ) ရန်ပုံငွေ ကျပ် ၆၃.၁၆၀ သန်းဖြင့် တင်ဒါအောင်မြင်သည့်  Four G Co;Ltd က တာဝန်ယူ၍ နိုဝင်ဘာလ ၁၈ ရက်နေ့မှ စတင်၍  ဖိုးမိုးကြီးကုန်းကျေးရွာတွင် အကျယ် (၄) လက်မအနက် ပေ ၇၀၀ ရှိ စက်ရေတွင်း တူးဖော်ခြင်း၊ အလျား ၅ ပေ၊ အနံ ၅ပေ၊ အမြင့် ၇ ပေ ရှိ ရေစက်ရုံတည်ဆောက်ခြင်း၊ ဂါလံ ၂၄၀၀ ဆံ့ ရေစင်တည်ဆောက်ခြင်းများ ဆောင်ရွက်လျက်ရှိ သည်။ ၎င်းအပြင် ဆင်စလွယ်ကျေးရွာတွင်  အကျယ် ၄လက်မ၊ အနက် ပေ ၄၀၀ ရှိ စက်ရေတွင်း တူးဖော်ခြင်း၊ အလျား ၅ ပေ၊ အနံ ၅ ပေ၊ အမြင့် ၇ ပေရှိ ရေစက်ရုံ တည်ဆောက်ခြင်း၊ ဂါလံ ၂၀၀၀ ဆံ့ အုတ်ရေကန်တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် ဆပ်ပြာကျင်းကျေးရွာတွင် အကျယ် ၄ လက်မ၊ အနက် ပေ ၆၀၀ ရှိ စက်ရေတွင်းတူးဖော်ခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ၎င်းကျေးလက်ရေရှိရေးလုပ်ငန်းများမှာ ရာနှုန်ပြည့်ပြီးစီးပြီဖြစ်သည်။

အဆိုပါ ကျေးလက်ရေရှိရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီး၍ ဆပ်ပြာကျင်းကျေးရွာ၊ ဆင်စလွယ် ကျေးရွာနှင့် ဖိုးမိုးကြီး ကုန်းကျေးရွာတို့ရှိ ဒေသခံပြည်သူ ၁၃၀၀ ကျော်မှာ သောက်သုံးရေအတွက် အဆင်ပြေတော့မည်ဖြစ်ကြောင်း သိရသည်။                                          

သတင်း - သိန်းမြင့်ကျော်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)