သပိတ်ကျင်းမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် ရှေးဦးသူနာပြု (အခြေခံ)သင်တန်းဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သပိတ်ကျင်းမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် ရှေးဦးသူနာပြု (အခြေခံ)သင်တန်းဖွင့်လှစ်




MNP - ဧပြီ   ၂၉

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြိုနယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး၊ လူထုအခြေပြု ဗဟိုဌာန၊ (Community Centre) ခန်းမတွင် ယနေ့ ဒုတိယနေ့အဖြစ် နံနက်ပိုင်းစတင်၍ ကြက်ခြေနီတပ်ဖွဲ့နည်းပြများမှ သင်တန်းသားများအား အခြေခံရှေးဦးသူနာပြုစုခြင်း (အခြေခံ) သင်ခန်းစာများ စာတွေ့/လက်တွေ့ သင်ကြားပို့ချပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါသင်တန်းအား  မြိုပေါ်ရှိ လူငယ်လူရွယ်များလူထုအကျိုးပြုလုပ်ငန်းများ လုပ်ဆောင်ခြင်းဖြင့် အများအကျိုးသယ်ပိုးဆောင်ရွက်လိုစိတ်ရှိစေရန်နှင့် လူငယ်များအချိန်ကို အကျိုးရှိစွာ အသုံးပြုတတ်စေရေးရည်ရွယ်လျက် သပိတ်ကျင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ ပူးပေါင်းပြီး အခြေခံပညာ ရှေးဦးသူနာပြုစုခြင်း(အခြေခံ) သင်တန်းကို ဖွင့်လှစ်ခြင်းဖြစ်ကြောင်း မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

သင်တန်းကို မြို့ပေါ်ရှိ လူငယ်လူရွယ် အမျိုးသား/ အမျိုးသမီး(၂၀)ဦး တက်ရောက်ခဲ့ပြီး မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဒေါ်ဝါဝါထွန်းနှင့် တပ်ခွဲမှူးဦးဝင်းမြိုင်၊ သင်တန်းနည်းပြ ဒေါ်နန်းအိဖြိုးစံတို့မှ ရှေးဦးသူနာပြုစုခြင်း(အခြေခံ)သင်ခန်းစာများကို စာတွေ့/လက်တွေ့ (၃)ရက်ကြာ သင်တန်းဖွင့်လှစ် သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း - စိုးနိုင်ဝင်း

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)