ဂွမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိမှုမဖြစ်စေရေးနှင့် ရာနှုန်းပြည့်လွှမ်းခြုံစွာ ထိုးနှံပြီးစီးရေးအတွက် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဂွမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိမှုမဖြစ်စေရေးနှင့် ရာနှုန်းပြည့်လွှမ်းခြုံစွာ ထိုးနှံပြီးစီးရေးအတွက် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိ





MNP ၊ ဧပြီ  ၂၅

ရခိုင်ပြည်နယ်၊ သံတွဲခရိုင် ၊ ဂွမြို့နယ်တွင်  မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့၏ ကြီးကြပ်မှုဖြင့် ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ယမန်နေ့က ဂွမြို့နှင့် ကျိန္တလီမြို့ပေါ်ရပ်ကွက်နှင့် ဆပ်သွားကျေးရွာများရှိ ကိုဗစ်-၁၉ ရောဂါ  ကာကွယ်ဆေးထိုးနှံရန်ကျန်ရှိသော ဒေသခံပြည်သူများကို ဆေးထိုးနှံမှုတွင် ကျန်ရှိမှုမရှိစေရေးအတွက် ကွင်းဆင်းထိုးနှံ ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။

ထိုသို့ ကာကွယ်ဆေး ထိုးနှံပေးရာတွင် ဂွမြို့နယ်အနေဖြင့်  ဒေသခံပြည်သူများ ကိုဗစ်-၁၉ရောဂါ ကင်းဝေးစေရေးအတွက် တစ်မြို့နယ်လုံး ကာကွယ်ဆေး ထိုးနှံမှုရာနှုန်း ပြည့် လွှမ်းခြုံစွာ ထိုးနှံပြီးစီးရေးအတွက်မြို့နယ်ပြည်သူ့ကျန်းမာရေးဌာနမှ  ဝန်ထမ်းများက ဆေးထိုးအဖွဲ့များခွဲ၍ ရပ်ကွက်၊ ကျေးရွာများတွင်လည်း ကွင်းဆင်း ထိုးနှံပေးနေကြောင်း သိရပြီး ဆေးထိုးစုရပ်အလိုက် ကာကွယ်ဆေး လာရောက်ထိုးနှံရာ၌ အဆင်ပြေစွာ ထိုးနှံနိုင်ရေးအတွက် မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးဇာနည်ကျော်က ကွင်းဆင်း ကြည့်ရှုကာ လိုအပ်သည်များကို ဖြည့်ဆည်း  ညွှန်ကြား ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။


သတင်း - ရွှေရည်ဝင်းကျော်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)