မိုးမောက်မြို့တွင် နွေရာသီအခြေခံအားကစားသင်တန်းများ ဖွင့်လှစ်ပေးလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုးမောက်မြို့တွင် နွေရာသီအခြေခံအားကစားသင်တန်းများ ဖွင့်လှစ်ပေးလျက်ရှိ



MNP - ဧပြီ    ၆

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့ ခါနန်ရပ်ကွက်ရှိ မြို့နယ်ပြည်သူ့အားကစား ကွင်းတွင် ဖွင့်လှစ်သည့် အေရိုးဗစ်သင်တန်း၊ Physical Fitness Dance၊ ခြင်းလုံး၊ ဘောလုံး စသည့် အားကစားအခြေခံသင်တန်းသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဝေလင်းထွန်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ဧပြီ ၅ ရက် ညနေ ၄ နာရီခန့်က သွားရောက်အားပေး ကြည့်ရှုခဲ့ပြီး နည်းပြများနှင့် သင်တန်းသူ/သားများအား ထရက်ဆုများ၊ အားကစားဝတ်စုံများနှင့် အားဖြည့် အချိုရေဘူးများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ နွေရာသီအားကစားသင်တန်းကို မြို့နယ်အားကစားနှင့်ကာယပညာကော်မတီမှ ဦးဆောင်၍ ဧပြီလ ၁ ရက်နေ့ မှစတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး သင်တန်းကို  ဧပြီလ ၁၀ ရက်နေ့ထိ ဖွင့်လှစ်သွား မည်ဖြစ်ကြောင်းနှင့် ထိုသို့ဖွင့်လှစ်ရာတွင် အေရိုးဗစ်သင်တန်း၊ Physical Fitness Dance၊ ခြင်းလုံး၊ ဘောလုံးစသည့် အားကစားအခြေခံသင်တန်းတို့ပါဝင်ပြီး နည်းပြ(၅)ဦးဖြင့် သင်တန်းသား/သူ (၈၅) ဦးအား သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ နွေရာသီအခြေခံအားကစားသင်တန်းများ ဖွင့်လှစ်ရခြင်းသည် ကျောင်းသား/သူများဗလ ငါးတန်ပြည့်ဝရေးနှင့် မူးယစ်ဆေးဝါးအန္တရာယ်ကာကွယ်နိုင်ရန် ရည်ရွယ်ခြင်းနှင့် လူငယ်မောင်မယ် များအားကစားကို ပိုမိုစိတ်ဝင်တစားရှိလာစေရန် ရည်ရွယ်၍ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)