MNP - ဧပြီ ၂၂
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ယမန်နေ့ နေ့လည်ပိုင်း ကလူကုန်ကူးမှု အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ငြိမ်းငြိမ်းသန့်က အဖွင့်အမှာ စကားပြောကြား ခဲ့ပြီး စာပေချစ်မြတ်နိုးသူများ အသင်းအဖွဲ့ဝင် ဆရာကြီး ဦးမြင့်ဦးမှ ထပ်ဆင့်အမှာ စကားပြောကြားခဲ့သည်။
ဆက်လက်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ငြိမ်းငြိမ်းသန့်က လူကုန်ကူးမှုဆိုင်ရာများကို အကျယ် တစ်ဝင့် ဟောပြောဆွေးနွေးခဲ့ပြီး တက်ရောက်လာသော လူငယ်မောင်မယ်လေးများက မိမိတို့သိရှိလိုသည်များကို ပြန်လည် မေးမြန်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Community Centre ခန်းမတွင် ကျောင်းသား/ သူလူငယ်လေးများ အသိပညာဗဟုသုတ တိုးပွားစေရန် ရည်ရွယ်၍ ရုံးတွင်းလစဉ် အသိပညာပေး Talk Show များ၊ Online အစီအစဉ်ဖြင့် ပုံပြင် ပြောကြားခြင်း၊ ကဗျာရွတ်၊ ဆေးရောင်ခြယ်၊ စက္ကူခေါက်၊ စာအုပ်မိတ်ဆက်ခြင်း များအပြင် စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ဂိမ်းကစား ပြိုင်ပွဲများ၊ စာစီစာကုံးပြိုင်ပွဲစသည် ပြိုင်ပွဲများကို လစဉ်ပုံမှန်ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
သတင်း - ကိုကို မင်း
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment