ဘီးလင်းမြို့နယ်တွင် (ဇီဝဗေဒ)ဘာသာရပ်နှင့် (ဘောဂဗေဒ)ရပ်များအား ကျောင်းသား/သူ များအေးချမ်းစွာ ဖြေဆိုလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘီးလင်းမြို့နယ်တွင် (ဇီဝဗေဒ)ဘာသာရပ်နှင့် (ဘောဂဗေဒ)ရပ်များအား ကျောင်းသား/သူ များအေးချမ်းစွာ ဖြေဆိုလျက်ရှိ




MNP ၊ ဧပြီလ  ၆

သထုံခရိုင်၊ ဘီးလင်းမြို့နယ်တွင် ၂၀၂၁-၂၂ ခုနှစ်  ပညာသင်နှစ်တက္ကသိုလ်ဝင်တန်း စာမေးပွဲကို   စာစစ်ဌာန (၂) ခု၌ ဖြေဆို လျှက်ရှိရာ ယနေ့  ဧပြီ ၆ ရက်နေ့တွင် ဇီဝဗေဒဘာသာရပ်နှင့်ဘောဂဗေဒ ဘာသာရပ်များ အား ကျောင်းသား/သူများက အေးချမ်းစွာ ဆက်လက်ဝင်ရောက် ဖြေဆိုလျှက်ရှိကြောင်း သိရှိရသည်။

ယခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲသို့ ဇီဝဗေဒဘာသာရပ် တွင် ဝင်ရောက်ဖြေဆိုရန် စာရင်းပေးသွင်းထားသူ (၁၇၇) ဦးရှိပြီးဝင်ရောက်ဖြေဆိုသူ(၁၆၉) ဦးနှင့် ဘောဂဗေဒ ဘာသာရပ်အားဝင်ရောက်ဖြေဆိုရန်စာရင်းပေးသွင်းထားသူ (၇၇၀) ဦးရှိပြီးဝင်ရောက်ဖြေဆိုသူ (၆၉၇) ဦး ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံး မှသိရှိရသည်။

စာမေးပွဲ ဖြေဆိုကြမည့် ကျောင်းသား/သူများ စိတ်အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့များက ကျောင်းအတွင်း/အပြင်   လုံခြုံရေးများထားရှိကာ  ကူညီဆောင်ရွက် ပေးလျှက်ရှိကြောင်း သိရှိရသည်။

ထူးနောင် (ဘီးလင်း)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)