ကရင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ (၃/၂၀၂၂) အစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကရင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ (၃/၂၀၂၂) အစည်းအဝေးကျင်းပ





MNP - ဧပြီ   ၆

ကရင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ အမှတ်စဉ်(၃/၂၀၂၂) အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီခန့်က ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၃)၌ ကျင်းပခဲ့သည်။

အစည်းအဝေးတွင် ကရင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာနှစ်သည် ဧပြီလ(၁)ရက်နေ့တွင် စတင်နေပြီဖြစ်ကာ ယခု ဘဏ္ဍာနှစ်တွင် ကရင်ပြည်နယ်အတွင်း ပြည်တွင်းပြည်ပစီးပွားရေးလုပ်ငန်းရှင်များကို ဖိတ်ခေါ်၍ လာရောက်ရင်းနှီးမြှုပ်နှံမှုပိုမိုတိုးတက်ရေး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြစေလိုကြောင်း၊ ပြည် တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းရှင်များအား ခွင့်ပြုခဲ့သည့်လုပ်ငန်းများ ကောင်းမွန်စွာလည် ပတ်လုပ်ကိုင်ဆောင်ရွက်နိုင်ရေးနှင့် လုပ်ငန်းရှင်များ နစ်နာမှုမရှိစေရေး အကောင်းဆုံးပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးကြရန် ပြောကြားသည်။

ထို့နောက် ကရင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီအတွင်းရေးမှူး ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးဦးနိုင်ဝင်းတိုးက ပြည်နယ်အတွင်း ခွင့်ပြုမိန့်၊ အတည်ပြုမိန့် ပေးအပ်ခဲ့သည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့မှုအခြေအနေများကို ဘဏ္ဍာနှစ် အလိုက်လည်း ကောင်း၊ Top Form Myanmar Co.,Ltd ၏ ရင်းနှီးမြှုပ်နှံမှုအရပ်ဒေသပါ မြေပုံညွှန်း အမှတ်ပြောင်းလဲခြင်းကိစ္စအား ဆောင်ရွက်ပေးခဲ့မှု အခြေအနေကိုလည်းကောင်း၊ Nyi Naung Oo Co.,Ltd ၏ မြဝတီစီးပွားရေးဇုန်လုပ်ငန်း ဆောင်ရွက်မှုအခြေအနေနှင့် မြန်မာနိုင်ငံရှင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ ကူညီဆောင်ရွက်ပေးပါရန် ပေးပို့လာသောစာအားလည်းကောင်း တင်ပြဆွေးနွေးခဲ့ပြီး ကရင်ပြည်နယ်ဝန်ကြီးချုပ်က ဆောင်ရွက်ဆဲလုပ်ငန်းများ အမြန်ဆုံးပြီးပြတ်အောင် ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

သတင်း - စောမျိုးမင်းသိန်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)