မုဒုံမြို့၌ နယ်မြေလုံခြုံရေး အခြေအနေအရ ရောက်ရှိနေသည့် မိသားစုများအတွက် မွန်ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ပစ္စည်းများပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မုဒုံမြို့၌ နယ်မြေလုံခြုံရေး အခြေအနေအရ ရောက်ရှိနေသည့် မိသားစုများအတွက် မွန်ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ပစ္စည်းများပေးအပ်


MNP - ဧပြီ   ၃၀

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းနှင့် အဖွဲ့သည် ဧပြီ ၂၉ ရက်နေ့က မုဒုံမြို့နယ် ကမာဝက်မြို့ရှိ  ဂုံညှင်းတန်းတောရကျောင်းတွင်  နယ်မြေလုံခြုံရေး အခြေအနေအရ ရောက်ရှိနေသည့် မိသားစုပြည်သူများအတွက် ဆန်၊ ဆီ၊ ပဲစသည့် အခြေခံစားသောက် ကုန်ပစ္စည်းများကို သွားရောက်ထောက်ပံ့ပေးအပ်ခဲ့သည်။

ရှေးဦးစွာ  အဆိုပါ ကျောင်းတိုက်ဆရာတော် ဘန္ဒန္တဉာဏအား ဖူးမြော်ကြည်ညိုပြီး လှူဖွယ် ဝတ္ထုများ ဆက်ကပ်လှူဒါန်းကာ သာသနာရေးဆိုင်ရာများ လျှောက်ထားသည်။ ထို့နောက် ကျောင်းတိုက်တွင် နယ်မြေလုံခြုံရေး အခြေအနေအရ ရောက်ရှိနေသည့် မိသားစုပြည်သူများအတွက် ထောက်ပံ့ပစ္စည်းများ ပေးအပ်ပွဲကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် ပြည်သူများ၏ လိုလားချက်၊ လိုအပ်ချက်များအပေါ် အထူးအရေးပေး ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ သက်ဆိုင်ရာ တာဝန်ရှိသူများက လိုအပ်ချက်များကို ဝိုင်းဝန်းကူညီဆောင်ရွက်ပေးရန် ပြောကြားသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက မုဒုံမြို့နယ်အတွင်းရှိ ဘုန်းကြီးကျောင်း (၃)ကျောင်းသို့ ရောက်ရှိနေသည့် မိသားစုဝင် (၆၄)ဦး၊ နီးစပ်ရာ ဆွေမျိုး များ နေအိမ်၌ နေထိုင်သူ (၃၇၅) ဦးအတွက် ငွေကျပ် (၃၅)သိန်း တန်ဖိုးရှိ ဆန်၊ ဆီ၊ ပဲ အမယ် (၅) မျိုး၊ အခြား စားနပ်ရိက္ခာများနှင့် ကျန်းမာရေးသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်သည်။

ထို့ပြင်  ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ တစ်ဦးချင်းစီအတွက် ဆန် တစ်ပတ်စာ  (၂၁၀၀) ကျပ်နှုန်းဖြင့် စုစုပေါင်းငွေကျပ်  (၉၂၁၉၀၀) ကို ထောက်ပံ့ပေးအပ်ရာ မိသားစုဝင်တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့က ယင်းမိသားစုဝင် ပြည်သူများကို ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးစကားပြောကြား ကြောင်း သိရသည်။

သတင်း - အောင်မျိုးသူ

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)