တပ်တောင်မြို့ စည်ပင်သာယာ ဈေး၌ကိုဗစ်-၁၉ ရောဂါကာ ကွယ်ဆေး တကြိမ်မှမထိုးနှံရသေးသည့် ဈေးရောင်း ဈေးဝယ်များအားကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တပ်တောင်မြို့ စည်ပင်သာယာ ဈေး၌ကိုဗစ်-၁၉ ရောဂါကာ ကွယ်ဆေး တကြိမ်မှမထိုးနှံရသေးသည့် ဈေးရောင်း ဈေးဝယ်များအားကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေး





MNP ၊ ဧပြီ ၅

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ အမ်းမြို့နယ်၊ တပ်တောင်မြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တကြိမ်မှမထိုးနှံရသေးသည့် အသက်(၁၈)နှစ်နှင့်အထက် ဈေးရောင်းသူများ၊ဈေးဝယ်လာသူများအားကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်ကို ယနေ့နံနက်  (၆) နာရီ အချိန်က စတင်ပြီး တပ်တောင်မြို့စည်ပင်သာယာဈေးအတွင်း၌ ကျန်းမာ ရေးဝန်ထမ်းများက ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရာတွင် မြို့အုပ်ချုပ်ရေးမှူး၊ မြို့ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများ၊ နယ်မြေရဲတပ်ဖွဲ့ဝင်များ၊မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးပူးပေါင်း၍ ကျန်းမာရေးဝန်ကြီးဌာနကထုတ်ပြန်ထားသည့် စည်းကမ်းချက်များနှင့်အညီ ကာကွယ်ဆေး ထိုးနှံခြင်းမပြုမီ  စာရင်းများ မှတ်ယူခြင်း ၊ လာရောက် ထိုးနှံသည့် သူများအား၊ ကျန်းမာရေး စစ်ဆေးခြင်းများကိုစနစ်တကျဆောင်ရွက်ပေးကာ ကွယ်ဆေးထိုးနှံပေးပြီး ထိုးနှံပြီး သည့် သူ များအားမိနစ်၃၀ ခန့် စောင့်ကြည့်ကာ ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။


သတင်း -  စိုးမင်းထွန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)