ပွင့်ဖြူမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာနတွင် လျှပ်စစ်ဓာတ်အား ခြိုးခြံချွေတာရေးဆိုင်ရာ အသိပညာပေး ဟောပြောခြင်းနှင့် နံရံကပ်စာစောင် ပြသဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပွင့်ဖြူမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာနတွင် လျှပ်စစ်ဓာတ်အား ခြိုးခြံချွေတာရေးဆိုင်ရာ အသိပညာပေး ဟောပြောခြင်းနှင့် နံရံကပ်စာစောင် ပြသဆောင်ရွက်



MNP - ဧပြီ   ၂၅

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက ပြည်သူများ လျှပ်စစ်မီး အသုံးပြုရာတွင် အန္တရာယ်ကင်းဝေးစေရန်နှင့် ခြိုးခြံချွေတာသုံးစွဲသည့် အလေ့အကျင့် ကောင်းများ ရရှိစေရန် ရည်ရွယ်၍  ဒေသခံပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများကို ယမန်နေ့  မွန်းလွဲ ၂ နာရီခွဲက မြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာနတွင် လျှပ်စစ်ဓာတ်အား ခြိုးခြံချွေတာရေးဆိုင်ရာ သိကောင်းစရာများကို ပညာပေးဆွေးနွေး ဟောပြောခြင်းနှင့် နံရံကပ်စာစောင်ပြသခြင်းများ ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဥမ္မာထိန်လင်းက ဒေသခံပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတ တိုးပွားစေရန်နှင့် လျှပ်စစ်မီးသုံးစွဲရာတွင် အန္တရာယ်မဖြစ်အောင် စနစ်တကျ ကိုင်တွယ်အသုံးပြုရမည့် နည်းစနစ်များ၊ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု လျော့နည်းစေရန်နှင့် ဓာတ်အားပြည့်ဝစွာ သုံးစွဲနိုင်ရေးအတွက် မလိုအပ်ဘဲ လျှပ်စစ်မီးများ သုံးစွဲခြင်းမပြုရန်၊ လျှပ်စစ်ဓာတ်အား ချွေတာ သုံးစွဲခြင်းကြောင့် ရရှိစေမည့် အကျိုးကျေးဇူးများနှင့် လျှပ်စစ်မီးအား ပေါ့ဆစွာ သုံးစွဲပါက တွေ့ကြုံရမည့် ဆိုးကျိုးများကို အသိပညာပေး ဆွေးနွေးဟောပြောခဲ့သည်။

ထို့နောက် တက်ရောက်လာသူများက မိမိတို့မြို့နယ်အတွင်း ဓာတ်အားပြတ်တောက်မှု လျော့နည်းစေရေးနှင့် လျှပ်စစ်အန္တရာယ် ကင်းဝေးစေရေးအတွက် လိုက်နာရမည့် အချက်များနှင့် လျှပ်စစ်ဓာတ်အား ချွေတာသုံးစွဲရေးအား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိပြီး တာဝန်သိစွာ ဆောင်ရွက်နိုင်ရေးအတွက် အသိပညာပေး နှိုးဆော်ခြင်းများ လက်ဆင့်ကမ်း ဆောင်ရွက်မည့် အစီအစဉ်များကို ပြန်လည်ဆွေးနွေးခဲ့ကြပြီး မြို့နယ်လူထုအခြေပြုဗဟိုဌာနတွင် ပညာပေးပြသ ထားရှိသည့် လျှပ်စစ် ချွေတာရေးဆိုင်ရာ သိကောင်းစရာနံရံကပ်စာစောင်နှင့် ကိုဗစ်-၁၉ရောဂါအကြောင်း သိကောင်းစရာ နံရံကပ်စာစောင်များကို စိတ်ဝင်တစ်စား လေ့လာကြည့်ရှု ခဲ့ကြသည်။

သတင်း - လှိုင်ဝင်းလေး

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)