ပခုက္ကူမြို့၊ အမှတ်(၁၅)ရပ်ကွက်အတွင်းရှိ ကိုဗစ် -၁၉‌ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်း မရှိသေး သည့် ပြည်သူများအား အိမ်တိုင်ရာရောက် အခမဲ့ကွင်းဆင်းထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပခုက္ကူမြို့၊ အမှတ်(၁၅)ရပ်ကွက်အတွင်းရှိ ကိုဗစ် -၁၉‌ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်း မရှိသေး သည့် ပြည်သူများအား အိမ်တိုင်ရာရောက် အခမဲ့ကွင်းဆင်းထိုးနှံပေး



MNP - ဧပြီ    ၅

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ် (၁၅) ရပ်ကွက်အတွင်းရှိ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းမရှိသေးသည့် ပြည်သူများအား ယနေ့နံနက် ၇ နာရီအချိန်မှစတင်ပြီး အိမ်တိုင်ရာရောက် အခမဲ့ကွင်းဆင်းထိုးနှံပေးလျက်‌ရှိကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းထိုးနှံပေးရာတွင် ပခုက္ကူမြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမိုးကျော်သူနှင့် အဖွဲ့ဝင်များ၊ဌာနဆိုင်ရာများ၊သက်ဆိုင်ရာလုံခြုံရေးအဖွဲ့ဝင်များ စုပေါင်းပြီး ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးကို အခမဲ့ကွင်းဆင်းထိုးနှံပေးလျက်ရှိရာ နံနက် ၁၀နာရီခွဲအထိ

ပခုက္ကူမြို့၊ အမှတ်(၁၅)ရပ်ကွက်ရှိ ပြည်သူဦးရေ (၇၂၆)ဦးအား အခမဲ့ထိုးနှံပြီးစီးခဲ့ကြောင်း၊ မြို့ပေါ်ရပ်ကွက်များအတွင်းရှိ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေး တစ်ကြိမ်တစ်ခါမျှ ထိုးနှံခြင်း မရှိသေးသည့် ပြည်သူများကို အိမ်တိုင်ရာရောက် အခမဲ့ဆက်လက်ထိုးနှံပေးသွားမည် ဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံက သိရသည်။

သတင်း - ဘာမီသာ

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)