အင်္ဂပူမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲဥက္ကဋ္ဌနှင့် တာဝန်ရှိသူများမှ စာစစ်ဌာနများတွင် လုံခြုံရေး ဆောင်ရွက်ထားရှိမှုအား ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အင်္ဂပူမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲဥက္ကဋ္ဌနှင့် တာဝန်ရှိသူများမှ စာစစ်ဌာနများတွင် လုံခြုံရေး ဆောင်ရွက်ထားရှိမှုအား ကြည့်ရှုစစ်ဆေး

 


MNP -  ဧပြီ   ၅

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ကို ဖြေဆိုလျက်ရှိရာ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ စာမေးပွဲဖြေဆိုနိုင်ရေးအတွက် စာစစ်ဌာနများတွင် လုံခြုံရေးဆောင်ရွက်ထားရှိမှုများကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက သွားရောက်စစ်‌ဆေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အင်္ဂပူမြို့နယ်အတွင်းရှိ စာစစ်ဌာန(၇)ခုတို့မှ ယနေ့တွင် ဓာတု‌ဗေဒဘာသာရပ်ကို ကျား(၁၈၄)ဦး၊ မ (၂၈၂)ဦး၊ စုစုပေါင်း (၄၇၆) ဦးဝင်ရောက်ဖြေဆိုခဲ့ပြီး ဖြေဆိုမှုရာခိုင်နှုန်း (၉၅.၅၈) ရှိကြောင်း မြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။

သတင်း - မန်းကျေ

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)