MNP - ဧပြီ ၂၅
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်ပြန် ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေ ဦးစီးဌာန (Community Centre)ခန်းမ၌ ကျင်းပသည့် စာစီစာကုံးရေးသားနည်း သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီခွဲအချိန်က အဆိုပါမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ သင်တန်းဆင်းပွဲ အခမ်းအနားတွင် မြို့သစ်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဝင်းအိဇွန်က စာစီစာကုံးရေးသားနည်း သင်တန်းကို လက်တွေ့သင်ကြားပေးခဲ့ပြီး ဖြစ်ပါကြောင်းနှင့် သင်တန်းမှ သင်ကြားပေးသော စာသီစာကုံး ရေးသားနည်းများကို မိမိတို့ကျောင်းတွင် ပိုမိုကျွမ်းကျင် တတ်မြောက်အောင် လေ့လာကြိုးစားမှုတို့ဖြင့် ပေါင်းစပ်ပြီး ကိုယ်တိုင်ရေးသားကြစေလိုကြောင်း သင်တန်းဆင်း အမှာစကား ပြောကြားသည်။
အဆိုပါနွေရာသီအခြေခံ စာစီစာကုံးရေးသားနည်း သင်တန်းကို ဧပြီလ ၂၁ ရက်နေ့မှ ဧပြီလ ၂၅ ရက်နေ့အထိ (၅)ရက်ကြာ သင်ကြားပို့ချပေးခဲ့ပြီး သင်တန်းသား/သူ(၁၅)ဦး တက်ရောက် ခဲ့ကြောင်း သိရသည် ။
သတင်း - သန်းဝင်းထွန်း
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment