ကျောက်ဆည်မြို့နယ်တွင် ကိုယ်ပိုင်ကျောင်းများ သတ်မှတ်စည်းကမ်းချက်များနှင့် ညီညွှတ်မှုရှိစေရေး ကွင်းဆင်းစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဆည်မြို့နယ်တွင် ကိုယ်ပိုင်ကျောင်းများ သတ်မှတ်စည်းကမ်းချက်များနှင့် ညီညွှတ်မှုရှိစေရေး ကွင်းဆင်းစစ်ဆေး




MNP - ဧပြီ   ၂၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် တည်ထောင်ဖွင့်လှစ်ထားသော ကိုယ်ပိုင်ကျောင်းများအား သတ်မှတ်စည်းကမ်းချက်များနှင့် ညီညွှတ်မှုရှိစေရေး ယမန်နေ့နံနက် (၉) နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်ဦးနှင့် မြို့နယ်ပညာရေး ကြီးကြပ်မှုကော်မတီဝင်များက သတ်မှတ်စည်းကမ်းချက်များနှင့် ညီညွှတ်မှုရှိစေရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

ထိုသို့စစ်ဆေးရာတွင် ကျောင်းအမည်၊ ကျောင်းအဆင့်၊ တည်နေရာ၊ တည်ထောင်သူအမည်၊ စတင် ဖွင့်လှစ်သည့်နေ့၊ ကျောင်းအုပ်ကြီးအမည်နှင့် ပညာအရည်အချင်းများ၊ ဆရာ/ကျောင်းသားနှင့် စာသင်ခန်း အခြေအနေများ၊ ကျောင်းပိုင်မြေပိုင်ဆိုင်မှု၊ စာသင်ခန်းများဖွဲ့စည်းထားရှိမှုနှင့် အဆောက်အအုံ ပုံစံအနေအထားများ၊ သင်ကြားသင်ယူမှု အခြေအနေများ၊ သိပ္ပံလက်တွေ့ခန်း ပစ္စည်းများ၊ သင်ထောက်ကူပစ္စည်းထားရှိမှုများ၊ စာကြည့်တိုက်ထားရှိမှုများ၊ အားကစားခန်းမနှင့် အားကစားပစ္စည်း ထားရှိမှုများအား စစ်ဆေးခဲ့ကြောင်း သိရှိရသည်။

ကျောက်ဆည်မြို့နယ်တွင် ဒေါ်စိုးစိုးစံတည်ထောင်ဖွင့်လှစ်ထားသည့် "CROWN" မူလတန်းကျောင်း၊ ဒေါ်သင်းပျံ့ကြူ တည်ထောင်ဖွင့်လှစ်ထားသည့် "မေတ္တာ" အထက်တန်းကျောင်း၊ ဒေါက်တာသိင်္ဂီသန်းဦး တည်ထောင်ဖွင့်လှစ်ထားသည့် "လမ်းပြကြယ်" အထက်တန်းကျောင်းနှင့် ဒေါ်နီလာသန်း တည်ထောင် ဖွင့်လှစ်ထားသည့် "UNITY" အထက်တန်းကျောင်း စုစုပေါင်း ကိုယ်ပိုင်ကျောင်း (၄) ကျောင်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။

သတင်း - သက်မောင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)