ပွင့်ဖြူမြို့နယ်၌ ဆည်မုန်းကျေးရွာတွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာသင်တန်း ဖွင့်လှစ်ပို့ချ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပွင့်ဖြူမြို့နယ်၌ ဆည်မုန်းကျေးရွာတွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာသင်တန်း ဖွင့်လှစ်ပို့ချ

MNP - ဧပြီ    ၂၂

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ တစ်ပိုင်တစ်နိုင် မိသားစု ဝင်ငွေတိုးလုပ်ငန်းများ ဆောင်ရွက်လုပ်ကိုင် နိုင်ခြင်းဖြင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဆင်းရဲ နွမ်းပါးမှု လျော့ချနိုင်ရန်အတွက် ရည်ရွယ်ဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာ သင်တန်းကို ဧပြီ ၂၂ ရက်၊ ယနေ့ နံနက် ၁၀ နာရီက ပွင့်ဖြူမြို့နယ် ဆည်မုန်းကျေးရွာ ရွာလယ်ဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

သင်တန်းဖွင့်လှစ်ရာတွင် ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်က အသက်မွေးဝမ်း ကျောင်း အထောက်အကူပြု စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာ သင်တန်းဖွင့်လှစ် သင်ကြားပေးရခြင်း၏ ရည်ရွယ်ချက်နှင့် သင်တန်းတွင် လိုက်နာရမည့်အချက်များကို ရှင်းလင်းဆွေးနွေး ပြောကြားသည်။

ဆက်လက်၍ သင်တန်းကို ဖွင့်လှစ်ရာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်အေးအေးမိုးက တောင်သူများ သီးနှံများစိုက်ပျိုးရာတွင် ဒေသနှင့် ကိုက်ညီသော သီးနှံများရွေးချယ်စိုက်ပျိုးရမည့် နည်းလမ်းများနှင့် အခြေခံစိုက်ပျိုးရေးဆိုင်ရာနည်းစနစ်များ၊ သီးနှံပိုးမွှားရောဂါ ကြိုတင်ကာကွယ်ရေး ဆိုင်ရာနည်းလမ်းများ၊ အစားအစာ ဘေးအန္တရာယ်ကင်းဝေးစေရေး ဓာတုဆေးဝါးသုံးစွဲခြင်းအစား သဘာဝ ဓာတ်မြေဩဇာနှင့် သဘာဝပိုးသတ်ဆေး ပြုလုပ်သုံးစွဲနည်းစနစ်များကိုလည်ကောင်း၊ မြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဒုတိယ ဦးစီးမှူး ဒေါက်တာကြည်ပြာဝင်းရွှေက ဒေသနှင့်ကိုက်ညီသော အခြေခံမွေးမြူရေးစနစ်များနှင့် တိရစ္ဆာန်များတွင် ဖြစ်ပွားတတ်သော ကူးစက် ရောဂါကြိုတင်‌ ကာကွယ်ရေးဆိုင်ရာနည်းလမ်းများကိုလည်းကောင်း အသီးသီး ရှင်းလင်းဆွေးနွေး ပို့ချသင်ကြားပေးခဲ့ ကြသည်။

အဆိုပါ သင်တန်းကို ပွင့်ဖြူမြို့နယ် ဆည်မုန်းကျေးရွာအုပ်စုမှ ဒေသခံတောင်သူ ၂၅ ဦး တက်ရောက် သင်ကြားခဲ့ကြောင်း သိရပြီး ဧပြီ ၂၂ ရက်နေ့မှ မေလ ၆ ရက်နေ့အထိ (၁၅)ရက်ကြာ ဖွင့်လှစ်ပို့ချ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။   

သတင်း - လှိုင်ဝင်းလေး 

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)