တပ်ကုန်းမြို့နယ်အတွင်း နေကြာသီးနှံတိုးချဲ့စိုက်ပျိုးရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး ဌာနဆိုင်ရာ တာဝန်ရှိသူများ ကွင်းဆင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တပ်ကုန်းမြို့နယ်အတွင်း နေကြာသီးနှံတိုးချဲ့စိုက်ပျိုးရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး ဌာနဆိုင်ရာ တာဝန်ရှိသူများ ကွင်းဆင်းဆောင်ရွက်

 


MNP - ဧပြီ    ၅

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်အတွင်း နေကြာသီးနှံတိုးချဲ့ စိုက်ပျိုးရေး၊ ဒေသကုန်ထုတ်လုပ်မှု တိုးတက်မြင့်မားစေရေးနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ယမန်နေ့ မွန်းလွဲ ၃ နာရီက ရွေးစုကျေးရွာအုပ်စု၊ ရွေးစုကျေးရွာသို့ ကွင်းဆင်း ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ရွေးစုကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူး ဦးမောင်လှိုင်က  ကျေးဇူးတင် မိတ်ဆက်စကား ပြောကြားပြီးနောက် မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန ဦးစီးအရာရှိ ဦးထွန်းညွန့်၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးဆက်နိုင်ထွန်း၊ ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာန ဦးစီးအရာရှိ ဦးမြင့်ဇော်တို့က ဒေသခံ တောင်သူများနှင့် တွေ့ဆုံ၍ တောင်သူများအနေဖြင့် ကိုဗစ်ကာကွယ်ဆေးကို  ပြည်သူတစ်ဦး တစ်ယောက်မကျန် ကာကွယ်ဆေးထိုးနှံကြရန်၊ ဒေသတွင်းစားသုံးဆီ ဖူလုံရေးအတွက် ဆီထွက်သီးနှံ မြေပဲ၊ နှမ်းအပါဝင် နေကြာသီးနှံကို ပိုမိုတိုးချဲ့ စိုက်ပျိုးဆောင်ရွက်ရေး၊ ကျေးလက်ကုန်ထုတ် လမ်းများ ရေရှည်အသုံးပြုနိုင်အောင် ဆောင်ရွက်ရေး၊ စိုက်ပျိုးရေများ စနစ်တကျအသုံးပြုရန် စီစဉ်ထားရှိရေးတို့ကို ဆွေးနွေးပြောကြားခဲ့သည်။

ဆက်လက်၍ ရတနာမျိုးစေ့ထုတ် ကုမ္ပဏီမှ ဒေါ်လွင်လွင်မိုးက နေကြာမျိုးစေ့ရောင်းချပေးမှု၊ စိုက်ပျိုးနည်းစနစ်၊ ဓာတ်မြေသြဇာအသုံးပြုမှု၊ မျိုးကွဲပယ်စနစ်နှင့် မျိုးစေ့ပြန်ဝယ်မှုတို့ကို ရှင်းလင်း ပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာသည့် ဒေသခံတောင်သူများက သိရှိလိုသည့် စိုက်ပျိုးရေးနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအပေါ် ဆွေးနွေးမေးမြန်းခဲ့ရာ  ဌာနဆိုင်ရာ တာဝန်ရှိသူများက ကဏ္ဍအလိုက် ပေါင်းစပ်ညှိနှိုင်း၍  မျိုးကောင်းမျိုးသန့်ရရှိရေးနှင့် စိုက်ပျိုးရေရရှိရေးတို့ကို ဆောင်ရွက်ပေးခဲ့ပြီး၊ ရွေးစုကျေးရွာ၊ ဆည်ထိပ်ကျေးရွာနှင့် ဆင်သေကျေးရွာများမှ စိုက်ပျိုးရေး တောင်သူ (၁၀၀)ဦး တက်ခဲ့ကြောင်း သိရသည်။

သတင်း - တင်စိုးလွင်

မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)