သစ်စိမ်းမြေဩဇာ ကြဲပက်ပွဲတော်သို့ မွန်ပြည်နယ်ဝန်ကြီးချုပ် တက်ရောက်ပြီး ကညှော်တိုက်နယ်ဆေးရုံရှိ လူနာများအား ဖြည့်စွက်အဟာရ ပစ္စည်းပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သစ်စိမ်းမြေဩဇာ ကြဲပက်ပွဲတော်သို့ မွန်ပြည်နယ်ဝန်ကြီးချုပ် တက်ရောက်ပြီး ကညှော်တိုက်နယ်ဆေးရုံရှိ လူနာများအား ဖြည့်စွက်အဟာရ ပစ္စည်းပေးအပ်



MNP - ဧပြီ   ၆

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် ဒေါင်းရပ်အရှေ့ကျေးရွာ ကွင်းအမှတ် (၆၄၆)တောင်သူ ဦသင်းနိုင်၏ လယ်မြေပေါ်တွင် ယမန်နေ့ နံနက်(၉)နာရီအချိန်က သစ်စိမ်းမြေဩဇာ ကြဲပက်ပွဲတော်ကို ကျင်းပရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းနှင့် ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ပြည်နယ် စိုက်ပျိုးရေး ဦးစီးမှူး ဦးလှမိုးအောင်က သစ်စိမ်းမြေဩဇာ မျိုးစေ့ထုတ်လုပ်မည့် အစီအစဉ်နှင့် ပတ်သက်၍ (၂၀၂၂-၂၀၂၆)ခုနှစ် (၅)နှစ်စီမံကိန်းအတွက် မျိုးစေ့ ထုတ်လုပ်မည့် လျာထားဧကနှင့် သစ်စိမ်းမြေဩဇာ ပြုလုပ်မည့် လျာထားဧက ဆောင်ရွက်သွားမည့် အစီအစဉ်များအား ရှင်းလင်းပြောကြားပြီး မြို့နယ်စိုက်ပျိုးရေး ဦးစီးမှူးက ၂၀၂၂-၂၀၂၃ ခုနှစ်အတွင်း မြို့နယ်အတွင်း သစ်စိမ်းမြေဩဇာ စိုက်ပျိုးဆောင်ရွက်ထားရှိမှု အခြေအနေအား ရှင်းလင်း ပြောကြားသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အတွင်း ဆန်စပါးပေါကြွယ်ဝစွာ စိုက်ပျိုးရေး၊ နွေစပါး၊ ဆောင်းသီးနှံနှင့် ဆီထွက်သီးနှံ စိုက်ပျိုးထုတ်လုပ်နေမှု ဖွံ့ဖြိုးတက်စေရေး အထူးအလေးပေး ဆောင်ရွက်နေမှု အခြေအနေများ မွန်ပြည်နယ်အနေဖြင့် စိုက်ပျိုးရေးနှင့်၊ မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှုများကို ခေတ်မီနည်းစနစ်များဖြင့် ပိုမိုဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်ကြရန်၊ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တောင်သူများ၏ လိုအပ်ချက်များကို အစိုးရအဖွဲ့မှ ဆောင်ရွက်ပေးလျက်ရှိကြောင်း တောင်းသူများထံပြောကြားသည်။

၂၀၂၂-၂၀၂၃ ခုနှစ်၊ စိုက်ပျိုးရာသီ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက်  တောင်သူ(၁၉)ဦး၊ လယ်ဧက(၃၈)ဧကအား သစ်စိမ်းမြေဩဇာထည့်သွင်းခြင်းကို စိုက်ပျိုး ဆောင်ရွက်လျက်ရှိသလို၊ ယင်းမြေဩဇာအား အသုံးပြုစိုက်ပျိုးခြင်းဖြင့် လေမှနိုက်ထရိုဂျင်ဓါတ်ကိုစုပ်ယူပြီး အပင်ကြီးထွားဖြစ်ထွန်းမှုအတွက် အသုံးပြုနိုင်မည်ဖြစ်ကာ မြေဆီလွှာအား အဓိကအားဖြင့် နိုက်ထရိုဂျင်ဓာတ်ကို ဖြည့်တင်းပေးခြင်း ဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ကညှော်တိုက်နယ်ဆေးရုံသို့ ရောက်ရှိပြီး ဆေးရုံရှိလူနာများအား ဖြည့်စွက်အဟာရ ပစ္စည်းပေးအပ်ကာ အားပေးစကား ပြောကြား၍ တိုက်နယ်ဆေးရုံအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။

ယင်းနောက် ကညှော်တိုက်နယ်ဆေးရုံ အစည်းအဝေး ခန်းမတွင် ကျန်းမာရေးဝန်ထမ်း တာဝန်ရှိများနှင့် တွေ့ဆုံ၍ ပြည်နယ်ဝန်ကြီးချုပ်က  မွန်ပြည်နယ်တွင် ကိုဗစ်-၁၉ရောဂါကူးစက်မှုနှုန်း ကျဆင်းလာသော်လည်း မပေါ့ဆကြစေလိုကြောင်း၊ ကျန်းမာရေး ဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ  လိုက်နာဆောင်ရွက်ကြစေလိုကြောင်း ကိုဗစ်ကာကွယ်ဆေးများကိုလည်း ထိုးနှံပေးခဲ့ပြီး အကြောင်းအမျိုးမျိုးကြောင့် ဆေးထိုးရန် ကျန်ရှိသူများအား ထပ်မံရောက်ရှိလာမည့် ကာကွယ်ဆေးများကို မြို့နယ်များအလိုက်  ဧပြီလကုန်တွင် အပြီးသတ် ထိုးနှံနိုင်ရေးအတွက် တာဝန်ရှိသူများက အစီအစဉ်များရေးဆွဲပြီး အလေးပေး ဆောင်ရွက်ပေးကြရန် မှာကြားခဲ့ကြောင်း သိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)