လှည်းကူးမြို့နယ်တွင် ပညာရေးဒီဂရီကောလိပ် ပထမနှစ်သင်တန်း (၁/၂၀၂၂) ကြိုဆိုပွဲ အခမ်းအနားကျင်းပပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လှည်းကူးမြို့နယ်တွင် ပညာရေးဒီဂရီကောလိပ် ပထမနှစ်သင်တန်း (၁/၂၀၂၂) ကြိုဆိုပွဲ အခမ်းအနားကျင်းပပြုလုပ်




MNP - ဧပြီ   ၂၃

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်း ခရိုင်၊ လှည်းကူးမြို့နယ်တွင် ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်သင်ဦးစီးဌာန၊ လှည်းကူးပညာရေးဒီဂရီကောလိပ်၊ ပညာရေးဘွဲ့ ပထမနှစ်သင်တန်း (၁/၂၀၂၂)သင်တန်းသား/ သူများအား ကြိုဆိုပွဲအခမ်းအနားကို ယမန်နေ့နံနက်(၉)နာရီက လှည်းကူးပညာရေးဒီဂရီကောလိပ်၏ ပညာအားမာန်ခမ်းမ၌ ကျင်းပပြုလုပ် ကြောင်းသိရသည်။

ရှေးဦးစွာမင်္ဂလာရှိသောနေ့သစ်ဆီသို့ သီချင်းဖြင့်သီဆို ဖျော်ဖြေပြီးနောက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့လူ မှုရေးရာဝန်ကြီးဦးအောင်ဝင်းသိန်းက သင်တန်းသား/သူ များအားကြို ဆိုပွဲအခမ်းအနားနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားပြီး၊ လှည်းကူး ပညာရေး ဒီဂရီကောလိပ်ကျောင်းမှကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးလွင်က ကြိုဆို နှုတ်ခွန်းဆက် အမှာစကားများကို အသီးသီးပြောကြားသည်။ အဆိုပါသင်တန်းတွင် သင်တန်းသား/သူ(၂၇၉)ဦး တက်ရောက်ပြီးသင် တန်းကာလမှာဧပြီ (၂၀)ရက်နေ့မှ မေလ(၂၅)ရက်နေ့ အထိ သင်ကြားပို့ချသွားမှာ ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးက သိရှိရသည်။

သတင်း-  အေးအေးနွဲ့

မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)