မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးမှ မင်းလှမြို့နယ်၌ ၂၀၂၂ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုသည့် စာစစ်ဌာနများအား ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးမှ မင်းလှမြို့နယ်၌ ၂၀၂၂ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုသည့် စာစစ်ဌာနများအား ကြည့်ရှုစစ်ဆေး



MNP - ဧပြီ    ၅ 

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်နှင့် အဖွဲ့ဝင်များသည် မင်းလှမြို့နယ်၌ ၂၀၂၂ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုသည့် စာစစ်ဌာနများအား ယနေ့နံနက် ၈ နာရီခွဲအချိန်က ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ကြည့်ရှုစစ်ဆေးရာတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်၊ မကွေးတိုင်းဒေသကြီး၊ တိုင်းပညာရေးမှူးဦးသက်လေးဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန မင်းလှမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူးဦးစန်းမင်း၊ မြို့နယ်ပညာရေးမှူးတို့ ပါဝင်သည့် အဖွဲ့သည် မင်းလှမြို့နယ်အတွင်းရှိ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသည့် စာစစ်ဌာနများမှ အ.ထ.က(မင်းလှ)စာစစ်ဌာန၊ အ.ထ.က(မလွန်) စာစစ်ဌာန၊ အ.ထ.က(လင်းကယ်)စာစစ်ဌာနများသို့ သွားရောက်၍ ကျောင်းသား/ကျောင်းသူများ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရာတွင် အေးချမ်းစွာ ဖြေဆိုနေမှုအား ကြည့်ရှု စစ်ဆေးခဲ့ပြီး စာမေးပွဲဖြေဆိုမည့်ကျောင်းသား/ကျောင်းသူများကို အားပေး စကားပြောကြားခဲ့သည်။

ထို့နောက် စာစစ်ဌာနများတွင် တာဝန်ထမ်းဆောင်နေသည့် ကြီးကြပ်ရေး ဆရာ/ဆရာမများနှင့် အတွင်းစည်းလုံခြုံရေးတာဝန်ထမ်းဆောင်နေသော ဆရာ/ဆရာမများမှ ၂၀၂၂ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲ ကျင်းပပြုလုပ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ကြရာ တင်ပြချက်များအပေါ် လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်က လိုအပ်သည်များအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

သတင်း - ဇာဇာ

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)