ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် ကျောင်းတွင်းစစ် စာမေးပွဲများအောင်စာရင်းထုတ်ပြန်ကြေညာ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် ကျောင်းတွင်းစစ် စာမေးပွဲများအောင်စာရင်းထုတ်ပြန်ကြေညာ



MNP - ဧပြီ   ၂၄

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ်တွင် ၂၀၂၁-၂၀၂၂  ပညာသင်နှစ်အတွင်း ဖွင့်လှစ်သင်ကြားလျက်ရှိသော အခြေခံပညာကျောင်းများတွင် ကျောင်းတွင်းစစ် စာမေးပွဲများမှ အတန်းလိုက်စာမေးပွဲအောင်စာရင်းများကို ယနေ့ နံနက် (၆) နာရီအချိန်မှစ၍ သက်ဆိုင်ရာကျောင်းများအလိုက် အောင်စာရင်းထုတ်ပြန်၍ ကျောင်း၏ကြော်ငြာသင်ပုန်းတွင် ကပ်ထားကြေညာပေးထားရာ ကျောင်းသားမိဘများ၊ ကျောင်းသား၊ ကျောင်းသူများ လာရောက်ကြည့်ရှုလျက်ရှိကြောင်း သိရသည်။

အဆိုပါစာမေးပွဲအောင်စာရင်းများ ထုတ်ပြန်ကြေညာရာတွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် သင်ရိုးသစ် (KG)တန်းမှစ၍ (Grade-10) အတန်းအထိ (တက္ကသိုလ်ဝင်တန်း မပါ) အား ကပ်ထားကြေညာပေးထားခဲ့ပြီး၊ ၂၀၂၂ ခုနှစ်၊ မေလ (၂၅) ရက်နေ့မှ စတင်၍ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အတွက် ကျောင်းသား၊ ကျောင်းသူများကို ကျောင်းအပ်နှံမှု လက်ခံပေးသွားမည် ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)