ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ် ပြည်သူ့ဆေးရုံတွင် ကိုယ်ဝန်ဆောင်မိခင်နှင့် (၂)နှစ်အောက် ကလေးသူငယ်များ လစဉ်ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးခြင်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ် ပြည်သူ့ဆေးရုံတွင် ကိုယ်ဝန်ဆောင်မိခင်နှင့် (၂)နှစ်အောက် ကလေးသူငယ်များ လစဉ်ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးခြင်း




MNP -  ဧပြီ   ၂၅

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်ပြည်သူ့ဆေးရုံတွင် မိခင်နှင့်ကလေးစောင့်ရှောက်ရေးဌာနတွင် ယနေ့နံနက်(၁၀)နာရီအချိန်က မြို့ပေါ်(၆)ရပ်ကွက်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်နှင့် (၂)နှစ်အောက်ကလေးသူငယ်များအား လစဉ်ပုံမှန် E.P.I ကာကွယ်ဆေးများ ထိုးနှံပေးခြင်းနှင့် ကလေးအားတိုးဆေးတိုက်ကျွေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိပါသည်။

အဆိုပါ ကာကွယ်ဆေးအား မြို့ပေါ်(၆)ရပ်ကွက်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်နှင့် (၂)နှစ်အောက် ကလေး သူငယ်များကို လစဉ်(၂၅)ရက်နေ့နှင့် ကျေးရွာများအတွင်းရှိ မိခင်နှင့်ကလေးသူငယ်များအား လစဉ် (၂/၃/၄)ရက်နေ့ လစဉ်ပုံမှန်ထိုးနှံပေးပြီး ကိုယ်ဝန်ဆောင်မိခင်(၂၀၀)ကျော်နှင့် (၂)နှစ်အောက် ကလေးသူငယ်(၄၀၀)ကျော်ခန့်ရှိကြောင်း မြို့နယ်ပြည်သူ့ဆေးရုံ မိခင်နှင့်ကလေးစောင့်ရောက်ရေးဌာနမှ သိရသည်။

ထို့အတူ ပုံမှန်ကာကွယ်ဆေးများအား မထိုးရသေးသည့် မိခင်နှင့်ကလေးသူငယ်များ ရောဂါကင်းရှင်း ကျန်းမာသန်စွမ်းနိုင်စေရန် အဆိုပါနေ့ရက်များတွင် လာရောက်ထိုးနှံနိုင်မည်ဖြစ်ကြောင်း မိခင်နှင့် ကလေးစောင့်ရောက်ရေးဌာနမှ သိရှိရပါသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)