တောင်ကိုးရီးယားအရာရှိ၏ “လက်ဦးမှုယူတိုက်ခိုက်ခြင်း” မှတ်ချက်စကားနှင့်ပတ်သက်၍ မြောက်ကိုရီးယားက ထပ်မံသတိပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ကိုးရီးယားအရာရှိ၏ “လက်ဦးမှုယူတိုက်ခိုက်ခြင်း” မှတ်ချက်စကားနှင့်ပတ်သက်၍ မြောက်ကိုရီးယားက ထပ်မံသတိပေး


ပြုံးယမ်း၊ ဧပြီ ၅ 

တောင်ကိုးရီးယားက မြောက်ကိုးရီးယားနှင့် စစ်ရေးအရ ထိပ်တိုက်ရင်ဆိုင်မှု လုပ်ဆောင်ရန် ရွေးချယ်ခဲ့ပါက မြောက်ကိုးရီးယား၏ နျူးကလီးယား တိုက်ခိုက်ရေးတပ်ဖွဲ့သည် ၎င်းတို့၏တာဝန်ကို ထမ်းဆောင်သွားမည်ဖြစ်ကြောင်း မြောက်ကိုရီးယားနိုင်ငံ အလုပ်သမားပါတီ ဗဟိုကော်မတီ ဒုတိယဌာနညွှန်ကြားရေးမှူး Kim Yo Jong က ဧပြီ ၄ ရက်တွင် သတိပေးပြောကြားခဲ့သည်ဟု Korean Central News Agency (KCNA) သတင်းဌာနက ဧပြီ ၅ ရက်တွင်ဖော်ပြထားသည်။Kim Yo Jong က တောင်ကိုးရီးယားကာကွယ်ရေးဝန်ကြီး၏ ဧပြီ ၁ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည့် မြောက်ကိုးရီးယားအပေါ် “လက်ဦးမှုယူတိုက်ခိုက်ခြင်း” လုပ်ဆောင်ရန် မှတ်ချက်စကားအပေါ် ထိုသို့ တုန့်ပြန်ပြောကြားလိုက်ခြင်းဖြစ်သည်။

“နျူးကလီးယားတပ်ဖွဲ့ရဲ့အဓိကတာဝန်ကဒီလိုစစ်ပွဲတွေမှာပါဝင်ဖို့မဟုတ်ပါဘူး၊ဒါပေမဲ့စစ်ပွဲအခြေအနေမှာတော့ ၎င်းတို့ရဲ့တာဝန်ဟာရန်သူတွေရဲ့စစ်အင်အားကိုချေမှုန်းဖို့ဖြစ်တယ်၊စစ်ပွဲအစပိုင်းမှာအားသာချက်ရရှိဖို့၊ ရန်သူတွေရဲ့ တော်လှန်ရေးစိတ်ဓါတ် ဖျက်ဆီးဖို့၊ ရေရှည်တိုက်ပွဲဖြစ်ပွားမှုကို တားဆီးဖို့၊ မိမိရဲ့ စစ်အင်အားကို ထိန်းသိမ်းဖို့အတွက် နျူးကလီးယားတိုက်ခိုက်ရေးအင်အားကို အသုံးပြုလာရခြင်းဖြစ်တယ်” ဟု Kim Yo Jong ကပြောကြားခဲ့သည်။

မြောက်ကိုးရီးယားသည် စစ်ပွဲကိုဆန့်ကျင့်ကြောင်းနှင့် တောင်ကိုးရီးယားသည် ၎င်းတို့၏ အဓိကရန်သူမဟုတ်ကြောင်း Kim Yo Jong က ပြောကြားခဲ့သည်။ တောင်ကိုးရီးယားစစ်တပ်က မြောက်ကိုးရီးယားအပေါ် စစ်ဆင်ရေးလှုပ်ရှားမှု လုပ်ဆောင်ခြင်းမရှိသရွေ့ ၎င်းတို့သည် မြောက်ကိုးရီးယား ဘက်ကတိုက်ခိုက်မည့်ပစ်မှတ်ဖြစ်လာမည်မဟုတ်ကြောင်း ၎င်းက ဆိုသည်။ အကယ်၍ တောင်ကိုးရီးယားစစ်တပ်က မြောက်ကိုးရီးယားနယ်မြေ တစ်လက်မကို ကျူးကျော်လာပါက မထင်မှတ်လောက်သော ဝမ်းနည်းဖွယ်အကျိုးဆက်ခံစားရမည်ဖြစ်ကြောင်းနှင့် ယင်းအဆင့်အထိရောက်ရှိပါက တောင်ကိုးရီးယားစစ်တပ်သည် စစ်အင်အားလုံးဝဆုံးရှုံးမည့် ကံကြမ္မာဆိုးနှင့် ရင်ဆိုင်ရမည်ဖြစ်ကြောင်း ၎င်းကဖြည့်စွက်ပြောကြားခဲ့သည်။

Kim Yo Jong သည် တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီး၏ “လက်ဦးမှု ရယူတိုက်ခိုက်ခြင်း” လုပ်ဆောင်မည်ဟူသော မှတ်ချက်ပြု ပြောဆိုချက်သည် ကိုရီးယားကျွန်းဆွယ်၏ တင်းမာမှုများပိုမိုဆိုးဝါး လာစေနိုင်ကြောင်း သတိပေးပြောကြားခဲ့သည်ဟု (KCNA) သတင်းဌာနက ဖော်ပြထားသည်။ 


Ref : (ဆင်ဟွာ)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)