ဥတ္တရသီရိမြို့နယ်၌တက္ကသိုလ်ဝင်တန်းစာမေးပွဲ ရူပဗေဓ ဘာသာရပ် ဆက်လက်ဖြေဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဥတ္တရသီရိမြို့နယ်၌တက္ကသိုလ်ဝင်တန်းစာမေးပွဲ ရူပဗေဓ ဘာသာရပ် ဆက်လက်ဖြေဆို



MNP - ဧပြီ    ၅

ပြည်ထောင်စုနယ်မြေ၊နေပြည်တော် ဥတ္တရသီရိမြို့နယ်တွင် ၂၀၂၁-၂၀၂၂ခုနှစ်  တက္ကသိုလ်ဝင် တန်းစာမေးပွဲ ပဉ္စမနေ့ ရူပဗေဒဘာသာရပ်ကို ယနေ့နံနက် ၉ နာရီက စတင်ဖြေဆိုကျင်းပရာ ကျောင်းသား ၊ ကျောင်းသူများ လာရောက်ဖြေဆိုခဲ့ကြသည်။

ဥတ္တရသီရိမြို့နယ်၌ ယနေ့ဖြေဆိုကျင်းပသည့် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် စာစစ်ဌာန (၆)ခု၌ ဖြေဆိုရန် စာရင်းရှိ ၈၉၃ ဦး ရှိပြီး ကျောင်းတွင်းဖြေဆိုသူကျား  ၂၄၉ ဦး၊ မ ၃၄၇ ဦး၊ ပြင်ပဖြေဆိုသူကျား  ၁၂၅ ဦး၊ မ ၁၇၂ ဦးစုစုပေါင်း ၈၃၄ ဦး ဝင်ရောက်ဖြေဆိုခဲ့ပြီး  ပျက်ကွက်သူဦးရေ ကျား/မ စုစုပေါင်း  ၅၉ ဦး ရှိကြောင်း သိရကာ ဖြေဆိုမှုရာခိုင်နှုန်းအနေဖြင့်  ၉၃ ဒသမ ၃၉ ရာခိုင်နှုန်း ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရသည်။

သတင်း - အောင်ကို

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)