ဝေါမြို့နယ်၌ ကျေးရွာများမှ မြို့ပေါ်သို့ လာရောက်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုး မှတ်တမ်းကတ်ပြားများ စိစစ်၍ ကာကွယ်ဆေးထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဝေါမြို့နယ်၌ ကျေးရွာများမှ မြို့ပေါ်သို့ လာရောက်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုး မှတ်တမ်းကတ်ပြားများ စိစစ်၍ ကာကွယ်ဆေးထိုးနှံပေး



MNP - ဧပြီ   ၂၈

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့် ထိုးနှံနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ကာကွယ်ဆေးထိုး အထောက်အကူပြုအဖွဲ့၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပူးပေါင်းကာ ယနေ့နံနက်ပိုင်းက ကျေးရွာများမှ မြို့ပေါ်သို့ လာရောက်ကြသူများအား မြို့ဝင်၊ မြို့ထွက်ဂိတ်များတွင် ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးမှတ်တမ်း ကတ်ပြားများ စိစစ်၍ ဆေးထိုးရန် ကျန်ရှိနေသူများအား စစ်ဆေးရေးဂိတ်များတွင်  ကာကွယ်ဆေး ထိုးနှံပေးကြောင်း သိရသည်။

ဝေါမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံပြီးစီးရေးအတွက် ဆေးထိုး အဖွဲ့(၂၀)ဖြင့် ကျေးရွာများအရောက် တစ်အိမ်တက်ဆင်း သွားရောက်ကာ ဆေးထိုးမှတ်တမ်း ကတ်ပြားများစိစစ်ပြီး ဆေးထိုးရန် ကျန်ရှိနေသူများကို စည်းရုံးထိုးနှံပေးခြင်း၊ နေ့ခင်းဘက်တွင် လယ်ယာလုပ်ငန်း ခွင်ဝင်ရောက်နေသူများအတွက် ညနေ(၅)နာရီမှ ည(၈)နာရီထိ စောင့်၍ အိမ်တိုင်ရာရောက် သွားရောက် ထိုးနှံပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိပြီး၊ ဝေါမြို့မဈေး အတွင်း ဈေးရောင်း၊ ဈေးဝယ်များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုး မှတ်တမ်း ကတ်ပြားများ စိစစ်၍ ဆေးမထိုးရသေးသူများအား ကာကွယ် ဆေးထိုးနှံပေးခြင်း၊ အသက်(၁၅) နှစ်မှ (၁၈)နှစ်အထက် သာသနာ့ဝန်ထမ်း သံဃာတော်အရှင်သူမြတ်များ၊ သာသနာ့နွယ်ဝင် သီလရှင်များကိုလည်း ကျောင်းတိုက်များအရောက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

သတင်း - စိုးမိုး

မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)