မိုးညှင်းမြို့နယ် ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့မှ ဥပဒေရေးရာ အသိပညာပေး ဟောပြော - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုးညှင်းမြို့နယ် ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့မှ ဥပဒေရေးရာ အသိပညာပေး ဟောပြော



MNP - ဧပြီ    ၂၂

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ် ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့မှ ဥပဒေရေးရာ အသိပညာပေး ဟောပြောပွဲအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီခွဲက အောင်သပြေ (၃)ရပ်ကွက်ရှိ ကချင်စစ်ရှောင်စခန်း၌ ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်လှိုင်က မြို့နယ် ဥပဒေဆိုင်ရာ အထောက်အကူအဖွဲ့၏ လုပ်ငန်းစဉ်များ၊ ရည်ရွယ်ချက်များနှင့် ဥပ‌ဒေရေးရာများ အကြောင်းကို ရှင်းလင်းပြောကြားပြီး အဖွဲ့ဝင် ဦးခင်မောင်ဝင်းက ကလေးသူငယ် အခွင့်ရေးဆိုင်ရာ ဥပဒေရေးရာများကိုလည်း‌ကောင်း၊ အဖွဲ့ဝင်ဦးမြ‌သောင်းက မူးယစ်ဆေးဝါးဆိုင်ရာ ဥပဒေရေးရာ များကိုလည်း‌ကောင်း အသီးသီး ရှင်းလင်းပြောကြားခဲ့သည်။

ယင်း‌နောက် အခမ်းအနားသို့ တက်ရောက်လာကြသူများမှ သိရှိလိုသော ဥပဒေအကြောင်းအရာ များကို မေးမြန်းဆွေးနွေးကြရာ မြို့နယ်ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့မှ တာဝန်ရှိသူ များက ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။ ထို့နောက် အောင်သပြေရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးနော်လာက အဆိုပါဟောပြောပွဲနှင့် ပတ်သက်၍ ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။

သတင်း - ဇွဲသူရအောင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)