MNP ၊ ဧပြီ ၃၀
မွန်ပြည်နယ်၊သထုံခရိုင် ဘီးလင်းမြို့နယ်တွင် ရေကြီးရေလျှံဘေးမှကာကွယ်ရန် ပြည်တော်သာရေနှုတ်မြောင်းအားစုပေါင်းရှင်းလင်းခြင်းကို ယနေ့နံနက်ပိုင်းက ဘိုးရာဇာရပ်ကွက်၌ပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါရေနုတ်မြောင်း များရှင်းလင်းရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသိုက်ထွန်း၏ဦးဆောင်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များ၊စည်ပင်သာယာရေးအဖွဲ့များ၊ဌာနဆိုင်ရာများ၊တပ်မတော်သားများ၊မြို့နယ်ရဲတပ်ဖွဲ့များ၊ရပ်ကွက်အုပ်ချုပ်ရေးမှုးနှင့်ရပ်မိရပ်ဖများက ရေမြောင်းအတွင်းရှိအမှိုက်သရိုက်များနှင့်ရေမြောင်း ပတ်ဝန်းကျင်ရှိချုံနွယ် မြက်ပင်များ ခုတ်ထွင် ရှင်းလင်းခြင်း၊ ရေစီးရေလာကောင်းမွန်စေရန်အတွက် မြောင်းဖော်ခြင်းများကို အင်အား ၂၀၀ခန့်ဖြင့် တပျော်တပါး စုပေါင်း ဆောင်ရွက်ခဲ့ကြသည်။
လာမည့် မိုးရာသီကာလတွင် ဘီးလင်းမြို့နယ်တွင် ရေကြီးရေလျှံမှု လျော့နည်းကျဆင်းစေရန်ရည်ရွယ်၍ ပြည်တော်သာရေနုတ်မြောင်းအား ရှင်းလင်း တူးဖော်ပေးခြင်းဖြစ်ကြောင်း သိရသည်။
သတင်း - ထူးနောင် (ဘိးလင်း)
https://t.me/MyanmarNationalPost
No comments:
Post a Comment