ငါးသိုင်းချောင်းမြို့ လူထုအခြေပြုဗဟိုဌာန၌ အခြေခံပန်းချီသင်တန်း (အခမဲ့) ဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ငါးသိုင်းချောင်းမြို့ လူထုအခြေပြုဗဟိုဌာန၌ အခြေခံပန်းချီသင်တန်း (အခမဲ့) ဖွင့်လှစ်


MNP - ဧပြီ   ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငါးသိုင်းချောင်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ယနေ့ နံနက်ပိုင်းက အခြေခံပန်းချီသင်တန်း(အခမဲ့) သင်တန်းဖွင့်ပွဲအခမ်းအနား စတင်ဖွင့်လှစ်ပို့ချခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ လူထုအခြေပြုဗဟိုဌာန၊ ဘက်စုံသုံးခန်းမ၌ သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပရာ ငါးသိုင်းချောင်းမြို့ အုပ်ချုပ်ရေးမှူး ဦးရဲထက်အောင်၊ မြို့ပြန်/ဆက်ဦးစီးဌာန ဦးစီးမှူး ဒေါ်နှင်းယုဝေ၊ သင်တန်းနည်းပြ ဦးအောင်စိုးမြင့်တို့က သင်တန်းအဖွင့်အမှာစကား ပြောကြားခဲ့ပြီး အဆိုပါ သင်တန်းဖွင့်ပွဲသို့ မြို့အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ မြို့ပေါ်ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ (Book Club, Youth Club, Women Club) အဖွဲ့ဝင်များ၊ ကျောင်းသား မိဘများနှင့် မူလတန်းနှင့် အလယ်တန်းအဆင့် သင်တန်းသား ကျောင်းသား၊ ကျောင်းသူများ စုံညီစွာ တက်ရောက်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ လူထုအခြေပြုဗဟိုဌာန၊ ကလေးစာဖတ်ခန်း၌ အခြေခံပန်းချီသင်တန်းကို စတင် ဖွင့်လှစ်ပို့ချရာ သင်တန်းနည်းပြ ဦးအောင်စိုးမြင့်နှင့် ဦးနေဘိုအောင်တို့က အလယ်တန်းနှင့် မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူ သင်တန်းသားများအား အ‌ခြေခံပန်းချီပညာရပ် များကို စတင်သင်ကြားပေးခဲ့ပြီး အဆိုပါသင်တန်းကို ဧပြီလ (၂၅)ရက်နေ့မှ (၂၉)ရက်နေ့အထိ (၅)ရက်၊ နေ့စဉ် နံနက်(၉)နာရီမှ (၁၁)နာရီအထိ ရက်တိုဖွင့်လှစ် သင်ကြားပေးမည်ဖြစ်ရာ အဆိုပါသင်တန်းသို့ ငါးသိုင်းချောင်းမြို့ပေါ် ရပ်ကွက်အသီးသီးမှ ကျောင်းသား၊ ကျောင်းသူ သင်တန်းသား စုစုပေါင်း(၂၀)ဦး သင်တန်းတက်ရောက် သင်ကြားလျက်ရှိကြောင်း သိရသည်။

နွေရာသီကျောင်းပိတ်ရက်အတွင်း ကျောင်းသား၊ ကျောင်းသူများ အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချနိုင်စေရန်၊ အသိပညာ၊ အတတ်ပညာ ဗဟုသုတများ တိုးပွား၍ လူထုအခြေပြုဗဟိုဌာန နှင့် ပြည်သူ့စာကြည့်တိုက်တွင် ဝင်ထွက်သွားလာ၍ အသိပညာဗဟုသုတ ရှာမီးတတ်သည့် အလေ့အထကောင်း ရရှိလာစေရန် ရည်ရွယ်၍ ပြန်/ဆက်ဦးစီးဌာနနှင့် ဌာနဆိုင်ရာများ၊ (Club) အသင်းအဖွဲ့ဝင်များ၊ ‌မြို့မိမြို့ဖများ၊ စာပေဝါသနာရှင်၊ အသိ ပညာရှင်၊ အတတ်ပညာရှင်၊ လူမှုရေးအသင်းအဖွဲ့များ စေတနာရှင်ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန၌ သင်တန်းများ၊ စာဖတ်ဝိုင်းများ၊ ဆွေးနွေးပွဲများအပါအဝင် ဒေသဖွံ့ဖြိုးတိုးတက်ရေး အကြောင်းအရာများကို ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့ပြန်/ဆက်ဦးစီးမှူး ဒေါ်နှင်းယုဝေက ပြောကြားထားကြောင်း သိရသည်။

သတင်း - စိုးမင်းဦး

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)