MNP ၊ ဧပြီ ၂၉
သထုံခရိုင်၊ ပေါင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာနတွင် ဒီကနေ့ နံနက်ပိုင်းက ငွေစာရင်းထိန်းသိမ်းနည်းလက်စွဲ စာအုပ်ဖြင့် ဆွေးနွေးပွဲကို မြို့နယ်ရုံးရှိ ဝန်ထမ်းများနှင့် ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပေါင်မြို့နယ်ပြန်/ဆက်ဦးစီးဌာန ဦးစီးအရာရှိ ဒေါ်တင်ဇာစိုးမှ ဘဏ္ဍာငွေများကို လုပ်ထုံး လုပ်နည်းများနှင့်အညီ တောင်းခံ၊ သုံးစွဲ၊ စစ်ဆေးခံနိုင်ရေး အချက်သုံးချက်အတိုင်း ဝန်ထမ်းများအနေဖြင့် မဖြစ်မနေ နာလည်ကျွမ်းကျင်သိရှိစေရေးနှင့် ဘဏ္ဍာရေးဆိုင်ရာလုပ်ထုံးလုပ်နည်းများ၊ ငွေစာရင်းထိန်းသိမ်းနည်းဆိုင်ရာလုပ်ငန်းများကို စနစ်တကျ ကျွမ်းကျင်ပိုင်နိုင်တက်မြောက်စေရေးကို ရည်ရွယ်၍ ပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောသည်။
အဆိုပါဆွေးနွေးပွဲတွင် ဘဏ္ဍာရေးစည်းမျဉ်း၊ နိုင်ငံတော်၏ရသုံးခန့်မှန်းခြေငွေစာရင်း၊ အမျိုးသားစီမံကိန်းဥပဒေ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ငွေစာရင်းဆိုင်ရာများ၊ ဝန်ကြီးဌာနများနှင့် ဦးစီးဌာနများ လိုက်နာကျင့်သုံးရန် ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းများ၊ ဦးစီးဌာနများနှင့် အခြေခံစာရင်းပြုဌာနများအတွက် ငွေစာရင်းထိန်းသိမ်းရေးနည်းလမ်း၊ ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေ၊ အကျိုးခံစားခွင့်များနှင့် အထွေထွေများ အစရှိသည့်အခန်းလိုက်ပြဌာန်းထားသောအကြောင်းအရာများကို ဝန်ထမ်းများအချင်းချင်းအပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်း - တင်ဇာစိုး
https://t.me/MyanmarNationalPost
No comments:
Post a Comment