MNP - ဧပြီ ၆
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ မွန်ပြည်နယ်လူမှုဝန်ထမ်းရုံး ကြီးကြပ်မှုအောက်ရှိ မော်လမြိုင် အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်ကျောင်းမှ ဖေဖော်ဝါရီ ၃ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့သော ရပ်ရွာအခြပြု အဆင့်မြှင့် စက်ချုပ်သင်တန်းဆင်းပွဲကို ယမန်နေ့ နံနက်ပိုင်းက အလူးလေးကျေးရွာ သုခကာရီဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် သုခကာရီဘုန်းတော်ကြီးကျောင်း ဆရာတော် ဦးအဂ္ဂဝံသ က သင်တန်းသူများအား သြဝါဒစကားပြောကြားပြီး ဘီးလင်းမြို့နယ် လူမှုဝန်ထမ်း ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးညီညီဝင်းက သင်တန်းဆင်း အမှာစကား ပြောကြားခဲ့သည်။
ထို့နောက် သင်တန်းတွင် ထူးချွန်ဆုရရှိကြသော သင်တန်းသူ(၃)ဦးတို့အား လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးညီညီဝင်းနှင့် တာဝန်ရှိသူများက ဆုများပေးအပ် ချီးမြှင့်ခဲ့ကြသည်။
အဆိုပါ အဆင့်မြှင့်စက်ချုပ်သင်တန်းသို့ ဘီးလင်းမြို့နယ်အတွင်းရှိ ကျေးရွာများမှ သင်တန်းသူ(၂၀)ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းနည်းပြအဖြစ် မော်လမြိုင် အိမ်တွင်းသက်မွေးလုပ်ငန်းပညာ သင်ကျောင်း မှ ဒေါ်စိမ်းစိမ်းအေး က စာတွေ့၊လက်တွေ့ ၂ လကြာ သင်ကြားပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သတင်း - ထူးနောင်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment