သရက်ချောင်းမြို့နယ်တွင် ကိုဗစ်-၁၉‌ရောဂါကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံရေးအတွက် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား နေ့စဉ်ထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သရက်ချောင်းမြို့နယ်တွင် ကိုဗစ်-၁၉‌ရောဂါကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံရေးအတွက် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား နေ့စဉ်ထိုးနှံပေး




MNP - ဧပြီ    ၂၂

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ရာခိုင်နှုန်းပြည့် ထိုးနှံရေးအတွက် အသက် (၁၈) နှစ်နှင့်အထက် (ပထမအကြိမ်) ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးမထိုးနှံရသေးသော ပြည်သူများနှင့် (ဒုတိယအကြိမ်)ထိုးနှံရန် ကျန်ရှိသူများအား ကာကွယ်ဆေးဆက်လက်ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉ နာရီ အချိန်က သရက်ချောင်းမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ကာကွယ်ဆေးထိုးနှံပေးရာတွင် အသက် (၁၈) နှစ်နှင့်အထက် (ပထမအကြိမ်) ကာကွယ်ဆေးမထိုးနှံရသေးသောပြည်သူများ၊ (ဒုတိယအကြိမ်) ကာကွယ်ဆေးထိုးနှံရန်ကျန်ရှိသူများ၊ နို့တိုက် မိခင်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန် တိုင်းတာခြင်းနှင့်ကာကွယ်ဆေး ထိုးမှတ်တမ်းရေးသွင်းခြင်းများ ဆောင်ရွက်ပေးပြီး ကျန်းမာရေး ကောင်းမွန်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး စနစ်တကျထိုးနှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းကို သရက်ချောင်းမြို့နယ်  စီမံအုပ်ချူပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးထွေးဦး ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများက လိုအပ်သည် များ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သတင်း - သားကြီး

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)