ပျဉ်းမနားမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး(၈၇)ရာခိုင်နှုန်း ထိုးနှံပြီးစီးပြီဖြစ်ပြီး ရာနှုန်းပြည့်ထိုးနှံပြီးစီးရေးအတွက် ရက်ကွက်/ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပျဉ်းမနားမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး(၈၇)ရာခိုင်နှုန်း ထိုးနှံပြီးစီးပြီဖြစ်ပြီး ရာနှုန်းပြည့်ထိုးနှံပြီးစီးရေးအတွက် ရက်ကွက်/ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်




MNP - ဧပြီ    ၂၂

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ရာနှုန်းပြည့် လွှမ်းခြုံထိုးနှံနိုင်ရေးအတွက် မြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ စီစဉ်မှုဖြင့် မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာများတွင် သတ်မှတ်ဆေးထိုးစုရပ်များအလိုက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ကွင်းဆင်းထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါကာကွယ်ဆေးထိုး လုပ်ငန်းများဆောင်ရွက်ရာ ယနေ့နံနက်ပိုင်းတွင် ပျဉ်းမနားမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုများနှင့် အလုပ်ရုံစက်ရုံများသို့ ကာကွယ်ဆေး ထိုးနှံပေးနေမှု အခြေအနေများအား မြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်သန်းနှင့်တာဝန်ရှိသူများက ကြီးကြပ်၍ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ကျန်းမာရေးဝန်ထမ်းများက မြို့နယ်အတွင်း ရပ်ကွက်နှင့်ကျေးရွာများရှိ အကြောင်းအမျိုးမျိုးကြောင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် မထိုးနှံရသေးသူများနှင့် ဒုတိယအကြိမ်ထိုးနှံရန် သတ်မှတ်ရက်ပြည့်သူများအား ဆေးထိုးစုရပ်နေရာအသီးသီးတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ စနစ်တကျ ထိုးနှံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ 

ပျဉ်းမနားမြို့နယ်အနေဖြင့် ယနေ့အထိ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး(၈၇)ရာခိုင်နှုန်း ထိုးနှံပြီးစီး ပြီဖြစ်ပြီး ရာနှုန်းပြည့်ထိုးနှံပြီးစီးရေးအတွက် မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများတွင် ဆေးထိုး အဖွဲ့ (၁၀)ဖွဲ့နှင့် ပျဉ်းမနားမြို့အရှေ့ခြမ်း လမ်းပမ်းဆက်သွယ်ရေးခက်ခဲသည့် တောင်ပေါ်ဒေသကျေးရွာ အုပ်စု(၇)အုပ်စုတို့တွင် ဆေးထိုးအဖွဲ့(၅)ဖွဲ့ကိုဖွဲ့စည်း၍ စုရပ်များ သတ်မှတ်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

သတင်း - ခန့်ဝင်းကျော်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)