အခြေခံစာရင်းရေး၊ စာရင်းကိုင်နှင့် စာရင်းကိုင်ကွန်ပျူတာသင်တန်းအမှတ်စဉ် (၁/၂၀၂၂) သင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အခြေခံစာရင်းရေး၊ စာရင်းကိုင်နှင့် စာရင်းကိုင်ကွန်ပျူတာသင်တန်းအမှတ်စဉ် (၁/၂၀၂၂) သင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

 


MNP - ဧပြီ    ၂၂

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး၊ သမဝါယမဦးစီးဌာနမှ စီစဉ်ဖွင့်လှစ်သည့် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှု အထောက်အကူပြု အသက်မွေး ဝမ်းကျောင်းသင်တန်းဖြစ်သည့် အခြေခံစာရင်းရေး၊ စာရင်းကိုင်နှင့် စာရင်းကိုင် ကွန်ပျူတာ သင်တန်းအမှတ်စဉ် (၁/၂၀၂၂) သင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က မကွေးတိုင်းဒေသကြီး သမဝါယမသင်တန်းကျောင်း ခန်းမတွင် ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ရှေးဦးစွာ မကွေးတိုင်းဒေသကြီး သမဝါယမဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီးမှူး၊ ညွှန်ကြားရေးမှူး ဦးအောင်မင်းက အမှာစကားပြောကြားရာ သမဝါယမသင်တန်း ကျောင်းများတွင် အမျိုးသားရေးစိတ်ဓာတ်နှင့်  လူမှုရေးစိတ်ဓာတ် အခြေခံပြည့်ဝသော သမဝါယမ စီးပွားရေး ပညာတတ်များ မွေးထုတ်ပေးရန်၊ သမဝါယမကဏ္ဍမှ စာရင်း‌ရေး၊ စာရင်းကိုင်ပညာ၊ သမဝါယမ စာရင်းကိုင်ပညာ၊ အခြေခံကွန်ပျူတာပညာနှင့် စာရင်းကိုင် ကွန်ပျူတာပညာရပ်များကို  လူငယ်လူရွယ်များအား သင်ကြားပို့ချပေးခြင်းဖြင့် လက်တွေ့လုပ်ငန်း နယ်ပယ်မှာ ကျွမ်းကျင်စွာ အသုံးချ နိုင်ပြီး နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူ ပြုရန် ရည်ရွယ်၍ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း၊ ယနေ့ခေတ် သမဝါယမကဏ္ဍ၏ ဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေသောလုပ်ငန်းများ၊ သမဝါယမ အသင်းများတွင် လုပ်ကိုင် နေသော စာရင်းဇယားပုံစံများ သိရှိနိုင်စေရန်လည်း သမဝါယမ ဘာသာရပ်အား မြန်မာဘာသာဖြင့် ထပ်မံဖြည့်စွက် သင်ကြားပေးခဲ့ကြောင်းရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ အခြေခံစာရင်းရေး၊ စာရင်းကိုင်နှင့် စာရင်းကိုင် ကွန်ပျူတာ သင်တန်းအမှတ်စဉ် (၁/၂၀၂၂)တွင် ပထမဆု၊ ဒုတိယဆုနှင့် တတိယ ဆုများ ရရှိသူများအား မကွေးတိုင်းဒေသကြီး သမဝါယမဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး၊ ညွှန်ကြားရေးမှူး ဦးအောင်မင်းနှင့် တာဝန်ရှိသူ များက ဆုများအသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းကို (၁၀.၁.၂၀၂၂) ရက်နေ့မှ (၂၂.၄.၂၀၂၂) ရက်နေ့အထိ ဖွင့်လှစ်ခဲ့ပြီး သင်တန်း တွင် အခြေခံစာရင်းရေး၊ စာရင်းကိုင်ဘာသာ၊ အဆင့်မြင့် စာရင်းကိုင်ဘာသာ၊ အခြေခံကွန်ပျူတာ ဘာသာ၊ စာရင်းကိုင်ကွန်ပျူတာဘာသာနှင့် သမဝါယမဘာသာရပ်များကို သင်ကြားပို့ချ ခဲ့ရာ သင်တန်းသား/သူ (၃၇) ဦးတက်ရောက်ဖြေဆိုခဲ့ကြောင်း သိရသည်။

ထို့ပြင် ၂၀၂၂ခုနှစ်၊ဇွန်လ ပထမပတ်တွင် အဆင့်မြှင့်တင် ဖွင့်လှစ်မည့် သမဝါယမ စာရင်းရေး၊ စာရင်းကိုင်နှင့် သက်မွေးပညာသင်တန်း ကိုလည်း အခြေခံပညာ အဌမတန်း‌‌ အောင်မြင်ပြီးသူများ တက်‌ရောက်နိုင်ပြီး သင်တန်းကာလကို (၂)နှစ် သတ်မှတ်ထားကြောင်း မကွေးတိုင်း‌ဒေသကြီး သမဝါယမဦးစီးဌာနမှ သိရသည်။

သတင်း - ကိုအောင် 

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)