အလုံမြို့နယ်တွင် အခြေခံစားသောက်ကုန်များကို ဈေးနှုန်းသက်သာစွာရောင်းချပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အလုံမြို့နယ်တွင် အခြေခံစားသောက်ကုန်များကို ဈေးနှုန်းသက်သာစွာရောင်းချပေး



MNP - ဧပြီ   ၂၃

ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ်အတွင်းရှိ ပြည်သူများစားဝတ်နေရေး အဆင်ပြေစေရေးနှင့် ဈေးနှုန်းချိုသာစွာ ဝယ်ယူစားသုံးနိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့၏လမ်းညွှန်ချက်အရ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ စီစဉ်မှုဖြင့် ယနေ့နံနက် (၈:၀၀) နာရီအချိန်က အလုံမြို့နယ်ခန်းမရှေ့တွင်  အခြေခံစားသောက်ကုန်များဖြစ်သည့် ကြက်ဥနှင့်အသား၊ ငါးများရောင်းချပေးလျက်ရှိပါကြောင်း သိရသည်။

ထို့သို့ရောင်းချပေးခဲ့ရာတွင် ကြက်သားတစ်ပိဿာ (၇၀၀၀ ကျပ်)၊ ဆိတ်သားတစ်ပိဿာ  (၂၀၀၀ဝကျပ်)၊ အရိုးအသားတစ်ပိဿာ(၁၂၀၀ဝကျပ်)၊ ကလီစာတစ်ပိဿာ(၉၀၀ဝိ) ၊ အမဲသား တစ်ပိဿာ (၁၂၀၀ဝကျပ်)၊ ဝက်သားအဆီ/အသားတစ်ပိဿာ (၁၀၀၀၀ကျပ်)၊ ဝက်သား လှိုင်းသား/အသားရှယ်တစ်ပိဿာ  (၁၂၀၀၀ ကျပ်)၊ နံရိုးတစ်ပိဿာ (၉၀၀ဝကျပ်) ဖြင့်   ဈေးနှုန်းချိုသာစွာ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါဈေးရောင်းချရာနေရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးဆန်းထွန်း၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးမောင်မောင်ထွန်းနှင့် စည်ပင်သာယာဝန်ထမ်းများက ဈေးလာရောက်ဝယ်ယူကြသူများ စနစ်တကျဝယ်ယူနိုင်ရေးအတွက် ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်၊၊

သတင်း - တင်တင်ချို 

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)