နတ်မောက်မြို့နယ် မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်နိုင်ရေး ဇာတ်တိုက်လေ့ကျင့် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နတ်မောက်မြို့နယ် မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်နိုင်ရေး ဇာတ်တိုက်လေ့ကျင့်



MNP - ဧပြီ    ၆

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ် မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်နိုင်ရေး ဇာတ်တိုက်လေ့ကျင့်မှုများကို ယမန်နေ့ ညနေ ၄ နာရီ အချိန်ခန့်က မြို့နယ် လျှပ်စစ်ရုံးဝန်း အတွင်း၌ တပ်ဖွဲ့ဝင်များက ဇတ်တိုက်လေ့ကျင့်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ် ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဌေးမော် ဦးစီးပြီး တပ်ဖွဲ့ဝင် အင်အား(၈)ဦးဖြင့် ဆောင်ရွက်ခဲ့သည်။

မြို့နယ်မီးသတ် ဦးစီးဌာနအနေဖြင့် မီးဘေးလုံခြုံရေးအတွက် ဇာတ်တိုက်လေ့ကျင့်ရာတွင် အိမ်တွင်း မီးဖိုဆောင် ဆီမီးလောင်မှု ဖြစ်ပွားခဲ့လျှင် အောက်ဆီဂျင် ဖြတ်တောက်၍ ငြှိမ်းသတ်နည်း၊ ဆီသိုလောင်ကန် မီးလောင်မှုအား 3 D (Nozzel) အသုံးပြု၍ ရေမှုံရေမွှား (Spary) ဖြင့် အအေးပေး ဖုံးအုပ်ငြှိမ်းသတ်နည်း၊ ဆီမီးလောင်မှုအား ဓာတုဗေဒပေါင်ဒါမှုန့်ခြောက် (DCP) အသုံးပြု၍ မီးငြှိမ်းသတ်နည်းနှင့် မီးသတ်ယာဉ်စက်အသုံးပြု၍ မီးငြှိမ်းသတ်နည်းများကို အသုံးပြုပုံ အဆင့်ဆင့်အား ရှင်းပြပြီး လက်တွေ့ ပြုလုပ်ပြသခဲ့ကြောင်း သိရသည်။

အဆိုပါ ဇာတ်တိုက်လေ့ကျင့်ရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန့်စင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ် လျှပ်စစ်ရုံးမှ ဝန်ထမ်းများ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

သတင်း - သင်းသင်းမြတ်

မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)