စဉ့်ကူးမြို့နယ်တွင် ၂၀၂၁ -၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဆဌမမြောက်နေ့ ကျောင်းသား၊ ကျောင်းသူများ ဆက်လက်ဖြေဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စဉ့်ကူးမြို့နယ်တွင် ၂၀၂၁ -၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဆဌမမြောက်နေ့ ကျောင်းသား၊ ကျောင်းသူများ ဆက်လက်ဖြေဆို



MNP ၊ ဧပြီ ၆

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူး မြို့နယ်အတွင်းရှိ စာစစ်ဌာန ၅ ခု၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲဆဌမမြောက်နေ့အဖြစ် (ဇီဝဗေဒနှင့် ဘောဂဗေဒဘာသာရပ်)များကို ယနေ့နံနက် ၉ နာရီမှစတင်၍ ကျောင်းသား ကျောင်းသူများက ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

စဉ့်ကူးမြို့နယ်တွင် အထက-စဉ့်ကူး၊ အထက- လက်ပန်လှ၊ အထက-ထုံးကြီး၊အထက-ရွှေပြည်၊ အထက -ကျည်တောက်ပေါက် စသည့် စာစစ်ဌာန ငါးခု ဖွင့်လှစ်ထားရာ အဆိုပါ စာစစ်ဌာနများတွင် ဇီဝဗေဒဘာသာရပ်တွင် စာမေးပွဲဖြေဆိုရန် စာရင်းပေးသွင်းထားသူ (၂၈၈) ဦး၊ ဝင်ရောက်ဖြေဆိုသူ (၂၆၁)ဦး၊ ဖြေဆိုသူ (၉၀.၆၃) ရာခိုင်နှုန်းရှိပြီး ဘောဂဗေဒဘာသာရပ်တွင်စာမေးပွဲဖြေဆိုရန် စာရင်းပေးသွင်းထားသူ (၁၂၁) ဦး၊ ဝင်ရောက်ဖြေဆိုသူ (၁၀၇)ဦး၊ ဖြေဆိုသူ (၈၈.၄၃) ရာခိုင်နှုန်းရှိကြောင်း သိရသည်။

အဆိုပါ စာစစ်ဌာနများတွင် တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုသူများ စိတ်အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရဲတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများက ပညာရေးဌာနမှ တာဝန်ရှိသူများနှင့် ပူးပေါင်းကာ လိုအပ်သည်များကို  ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


သတင်း - တင်ဇာလွင် 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)